ဇီယွိ မသိမသာလေး ရယ်လိုက်သည်။

"ချန်ချန်လေးက ဖက်တီး မဟုတ်ပါဘူး .. ဒါတွေက ကလေး အဆီလေးတွေ ဟုတ်ပြီလား .. ကြီးလာရင် ပျောက်သွားမှာ"

ယွင်ချဲ့ ​ရောက်လာပြီး ကာ​ပြော​ပေး လိုက်သည်။

ချန်ချန်မှာ ချက်ချင်းပင် ပြုံးလိုက်ပြီး ကျိုးဇယ်ယွီကို အောင်နိုင်သူ တစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။

အိမ်ကို ယွင်ချဲ့ ရှင်းလိုက်သဖြင့် ဖုတ်​ကောင် တစ်ကောင်မှပင် မတွေ့ရတော့​ပေ။ တစ်ခုခု ဖြစ်လာနိုင်သဖြင့် ညဘက်တွင် မီးမထွန်းကြဘဲ ဧည့်ခန်းထဲတွင်သာ အတူစုနေကြသည်။ လအလင်း​ရောင်​အောက်တွင် အိပ်ရာခင်း၊ ခေါက်ဆွဲထုတ်၊ နို့မှုန့်၊ သာမိုနဲ့ ရေသန့် ထည့်ထား​သော အထုပ်များကို ဖြေလိုက်သည်။ ကျိုးဇယ်ယွီလည်း အိပ်ရာခင်းကို ဖြန့်​ပေးကာ ယွင်​ယောင်ကို လဲလျောင်း​စေပြီး ကိုယ်အပူရှိန် ကျ​စေရန် နဖူးပေါ် ရေစိုဝတ် တင်ထားပေး လိုက်သည်။

"ယွင်ချဲ့ .. ဒါအသုံးမဝင်ဘူး အဖျားက ပိုပိုပြီး တက်လာတယ် ဆေးတိုက်မှ ဖြစ်​တော့မယ်"

"ရပါတယ် အဖျားကျတော့မှာပါ"

တူလေးအတွက် နို့မှုန့်ဖျော်ပြီး​နောက် သူ၏အစ်မကို ပြုစုပေး​လေသည်။ ဖုတ်​ကောင်အဖြစ် ပြောင်းရမည့် အချိန်မှာ ခြောက်နာရီသာ ကြာ​သော်လည်း ယွင်​ယောင် အဖျားတက် နေသည်က ခြောက်နာရီပင်​ ကျော်သွားခဲ့သဖြင့် သူမ ဖုတ်​ကောင် ဖြစ်လာမည် မဟုတ်​​တော့​ပေ။

"ဘာတွေဖြစ်နေတာလဲ"

ယွင်ချဲ့မှာ အစ်မကို စိုးရိမ်ပုံ မရှိသဖြင့် ဇီယွိက​ ခေါက်ဆွဲပြုတ်​နေလျက် သိချင်စိတ်​ကြောင့် ​​မေးလိုက်သည်။

"သူ့အဖျားက အစွမ်းကြောင့်ဖြစ်တာ"

နဖူးပေါ်မှ ရေစိုဝတ်ကို ဖယ်​ပေးကာ ရေဘူးယူလျက် ယွင်​ယောင်ကို ဖြည်းဖြည်းချင်း တိုက်လိုက်သည်။ ချန်ချန်မှာ ယွင်ချဲ့ ​ဘေးတွင် ခြေကားထိုင်လျက် နို့ဘူးသောက်ကာ မျက်လုံးအဝိုင်းသားဖြင့် အမေကိုတစ်လှည့် ဦးလေးကိုတစ်လှည့် ကြည့်​နေ​လေသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now