"ယွင်​ယောင် .. ​မေ​မေက မမတို့​ကောင်းဖို့အတွက် လုပ်တာပါ အပြင်မထွက်ပါနဲ့ .. ဇာတ်လမ်း​တွေထဲက ဖုတ်​ကောင်​တွေလို အပြင်မှာလည်း လူ​တွေ လိုက်ကိုက်​နေကြတာ ​နေရာအနှံ့ပဲ ... သူတို့သာ ဝင်လာခဲ့ရင် မမတို့ အကုန်​ သေကုန်လိမ့်မယ်"

"ဒါဆိုရင် ကျွန်မ​မောင်ကို အ​သေခံရမှာလား .. ဒီ​နေ့ အဲဒီ​နေရာမှာ အစ်မရဲ့​ မောင်​လေးဖြစ်နေရင် သူ့ကိုအပြင်မှာ အ​သေခံခိုင်းမှာလား"

ယွင်​ယောင် တစ်မျိုး​ပြောင်းကာ ​မေးလိုက်သည်။ သူတို့က လူဖြစ်ကြသည်ဆိုလျှင် သူမ​မောင်က လူမဟုတ်​တော့ဘူးလား။ ယခုတစ်ကြိမ် ထိုလူတို့ကို သူမ အလွန်စိတ်ပျက် မိသွားသဖြင့် ကျိုးကျစ်ကျွင်းနှင့် လက်ထပ်ခဲ့သည်မှာ မှန်ကန်လားဟူ၍ သံသယ ဖြစ်လာမိသည်။

နင့်ရဲ့​မောင်နဲ့ ငါ့​မောင်ကို ဘယ်လိုလုပ် နှိုင်းယှဉ်ရဲရတာလဲ။ လင်း​ရှောင်ဟန် စိတ်​​လျော့ကာ စကား​ပြောရန် ပြင်လိုက်​သော်လည်း ကိုယ်ရံ​တော်များ ချုပ်​နှောင်ထား​သော ယွင်​ယောင် ကိုကြည့်လျက် လက်​လျော့ လိုက်သည်။ မည်သို့ပင်ဖြစ်ဖြစ် ယွင်ချဲ့ မဝင်လာနိုင်​သော​ကြောင့် သူမကို တုံ့ပြန်မည့်သူ မရှိ​ပေ။

"ကြိုးတစ်​ချောင်းရှာပြီး သူ့ကိုချည်ထားလိုက် .. တံခါးဘယ်လို သွားဖွင့်မလဲဆိုတာ ငါကြည့်..."

"ဉီးဉီး”

ယွင်​ယောင် အ​ပေါ် အာရုံ​ရောက်​နေကြချိန် ချန်ချန်က ခုံရှည်တစ်လုံးကို ယူကာ တံခါးဖွင့် လိုက်သဖြင့် ဓါးရှည် ကိုင်ထား​သော ယွင်ချဲ့ အထဲကို ဝင်လာခဲ့ပြီး လူနံ့ရ​သော ဖုတ်ကောင်များကလည်း အတင်းတိုးဝင်ရန် ကြိုးစားကြ​လေသည်။ အထဲ​သို့​ ရောက်လုနီးပါး ဖြစ်ခဲ့သော ဖုတ်​ကောင်၏​ခေါင်းကို ယွင်ချဲ့ ဓါးနှင့် ခုတ်ဖြတ် လိုက်​သော​ကြောင့် အခန်းထဲရှိ သူများ ​ကြောက်လန့်ကြကုန်သည်။ ဖုတ်​ကောင်များကို တန်ပြန် တိုက်ခိုက်ရန် အလွန်ခက်ခဲ​ကြောင်း သူတို့လည်း ​ကောင်း​ကောင်း သိသည်။

"ဉီးဉီး "

ချန်ချန်က စိတ်လှုပ်ရှားစွာဖြင့် ယွင်ချဲ့ ​ခြေ​ထောက်ကို ​ပြေးဖက်​လေသည်။ ဖုတ်ကောင်များကို တိုက်ခိုက်ပြီး​နောက် တံခါးကိုပြန်ပိတ်ကာ ချန်ချန်ကို ချီလျက် အခန်းထဲသို့ ဝင်လာခဲ့သည်။ အခန်းထဲရှိသူများကို ​အေးစက်စွာ ကြည့်လိုက်ရာ ယွင်​ယောင်ကို ချုပ်ထား​သော ကိုယ်ရံ​တော် နှစ်​ယောက်မှာ သူမကို လွှတ်​ပေးကာ ​နောက်ဆုတ် သွားကြ​သဖြင့် ယွင်​ယောင် အမြန်​ပြေးကာ သူမ​မောင်ကို ဖက်ထားလိုက်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now