ယွင်​ယောင်မှာ သံသယစိတ်များ​နှင့်​ တွေ​ဝေလာ​သော်လည်း ယွင်ချဲ့ ရှင်းပြရန် အချိန်မရှိ​တော့​ပေ။ မနက်ဖြန် မနက်အချိန်တွင် ဖုတ်​ကောင်များစွာ အုံကြွခြင်း ဖြစ်​ပေါ်လာ​တော့မည်။ ယခုညတွင် အနည်းငယ် ရှိနိုင်​သော်လည်း သာမန် လူတို့သိနိုင်မည် မဟုတ်​ပေ။

"အင်းပါ .. ​နေ​ရော​ ကောင်းရဲ့လား"

​​မောင်ဖြစ်သူက ထိုတမျှ​ တောင်းပန်​ ပြောဆို​နေသည်မှာ ပထမဆုံး ဖြစ်​သော​ကြောင့် ယွင်ယောင်လည်း မငြင်းဘဲ လက်ခံလိုက်သည်။

"ကျွန်​တော်​ နေ​ကောင်းပါတယ် .. တစ်ခုကျန်​သေးတယ် ခဏ​နေ​လောက်ဆိုရင် နှင်းကျလိမ့်မယ် အဲဒီအခါ ပြတင်း​ပေါက်ကို ​သေချာပိတ်ထား​နော် .. ဘာကိုပဲမြင်ရ ကြားရပါ​စေ ပြတင်း​ပေါက်ကို လုံးဝမဖွင့်ပါနဲ့ ​ကြောက်လည်း မ​ကြောက်ပါနဲ့ ...ကျွန်​တော့်ကိုယုံပါ ကျွန်​တော်လာ​ခေါ်မယ်​နော်"

ယွင်ချဲ့မှာ လက်တစ်ဖက်က ဖုန်းကိုင်ထားလျက် လက်တစ်ဖက်က သူ၏ပစ္စည်းများကို အပြိုင်နယ်​​မြေသို့ ပို့​နေသည်။ ဒီညတွင်းပင် သူအခြားမြို့သို့ ​ဉီးတည်​ ပြောင်း​ရွေ့​​တော့မည်။ ဖုတ်ကောင် အုံကြွခြင်းမှာ မနက်ဖြန်ထိ မဖြစ်လာနိုင်​သေးဟု ​မျှော်လင့်ထားသဖြင့် မနက်ဖြန် မနက်မတိုင်မီ သူ၏အစ်မ၊ တူ​လေးနှင့် ညီငယ်တို့ကို အမီ​ခေါ်ထားရမည်။

"မမကို လန့်​အောင်မလုပ်ပါနဲ့ ချဲ့ .. ဘာဖြစ်​နေလို့လဲ"

ယွင်ချဲ့ သူမကို မရှင်းပြ​တော့​ပေ။

"ဘာမှမဖြစ်ဘူး​နော် မမ .. နားလိုက်ဉီး ကျွန်​တော် ကာကွယ်​ပေးမှာမလို့ စိတ်ချလက်ချနား​နေ​နော်"

"အင်းပါ ဂရုစိုက်ဉီး​နော်"

ယွင်ချဲ့လည်း ဖုန်းချလိုက်ပြီး ​ကျောပိုးအိတ်ကို သယ်ကာ ရှင်းလင်း​နေ​သော အခန်းကို တစ်ချက်ကြည့်လိုက်သည်။ အခြားမြို့သို့ သွားနိုင်​သော အမြန်ရထား လက်မှတ်မှာ မနက်ဖြန် မနက်အထိ ရနိုင်​တော့မည် မဟုတ်​သော​ကြောင့် ယွင်ချဲ့ အမြန်ထွက်ကာ နှစ်ဘ​လောက် အကွာအဝေးရှိ ဂို​ထောင်ထဲမှ သူငှားခဲ့​သော ကုန်တင်ကားငယ်သို့ အမြန်​ပြေးကာ ကိုယ်တိုင်​မောင်းနှင်လာခဲ့သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Kde žijí příběhy. Začni objevovat