ဒုတိယဂို​ထောင်မှာ ​နေ့စဉ်အသုံးလိုသည့် ပစ္စည်းများကို သို​လှောင်ထားသည်။ ယွင်ချဲ့ တစ်ခုစီကို​ ရွေးချယ်ရန် အချိန်မရှိသဖြင့် အနည်း အကျဉ်းကိုသာ ယူခဲ့ပြီး သူ၏အစ်မ မဖြစ်မနေ အသုံးလိုသည့် အမျိုးသမီးသုံး ပစ္စည်းများကိုလည်း မ​မေ့မ​လျော့ ယူလာခဲ့သည်။ သူ၏တူ နှစ်သက်နိုင်သည့် မုန့်နှင့် နို့မှုန့်များကိုလည်း ယူလာခဲ့သည်။ အခြား​သော ဂို​ထောင်များတွင် အရက်၊ ​ဆေးဝါး၊ လက်ဖက်၊ အစားအစာ၊ အချိုရည်ဘူးများနှင့် ​သောက်​ရေဘူးများ ရှိ​နေသည်။ သူ့အတွက် အသုံးလိုသည့် ပမာဏသာ ယူလာခဲ့ပြီး ကျန်​သော လူများအတွက် ချန်ထား​ ပေးခဲ့သည်။

ထို့​နောက် ကြက်၊ ဘဲ၊ ငါးနှင့် ပင်လယ်စာများကို ​ရေခဲရိုက် သို​လှောင်ထား​သော အအေးခန်း များကို ​တွေ့လိုက်ရသည်။ ထိုအ​အေးခန်းများမှာ အသားငါးများကို လတ်ဆတ်​အောင် သိုလှောင် သိမ်းဆည်း ထားနိုင်သည်။ ယွင်ချဲ့လည်း အမျိုးအစား စုံလင်​အောင် သိမ်းဆည်း ယူလာခဲ့သည်။ ပျက်သုဉ်း ကာလတွင် လတ်ဆတ်​သော အသားများကို စားနိုင်ရန် မလွယ်ကူ လှ​တော့​ပေ။

သို့​သော် တစ်ဖက် နယ်​မြေတွင် စိုက်ပျိုးခဲ့​သော ဆန်စပါးတို့မှာ ​အောင်မြင်စွာ​ ပေါက်​ရောက်​နေသဖြင့် ဆန်စပါးနှင့် ဂျုံများကို ယွင်ချဲ့ များများစားစား မယူလာခဲ့​ပေ။ အဝတ်အစား၊ ဖိနပ်၊ အိပ်ရာလွှမ်း၊ ရွက်ဖျင်တဲ၊ အိတ်များနှင့် အခြား လိုအပ်သည်တို့ကို များစွာ ယူလာခဲ့သည်။ ကလေး အဝတ်အစားများကိုလည်း အငယ်ဆုံးဆိုဒ်မှ အကြီးဆုံးဆိုဒ်အထိ အမျိုးအစား မတူ​အောင် များစွာ​ရွေးယူလာခဲ့သည်။

ထို့​​နောက် ကားဂို​ထောင်သို့​ သွားခဲ့ပြီး တူတစ်​ချောင်းကိုသာ ယူခဲ့သည်။ အခြား​သော အရာများကို သူမလိုအပ်​ပေ။ ပျက်သုဉ်း ကာလတွင် ကားများစွာ ကျန်ခဲ့မည် ဖြစ်​သော​ကြောင့် အခုကတည်းက ကားကိုယူရန် မလိုအပ်​ပေ။ ​မော်​တော် ဆိုင်ကယ်သည်လည်း အလွန် ဆူညံသဖြင့် ဖုတ်​ကောင်များ အလွယ်တကူ လိုက်လာနိုင်​သော​ကြောင့် သူမလိုအပ်​ပေ။ ထို့​ကြောင့် လျှပ်စစ်ကားငယ်နှင့် ​ရေ​ပေါ်တွင် အသုံးပြုရနိုင်​သော ပစ္စည်းများကိုသာ ယူလာခဲ့သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Donde viven las historias. Descúbrelo ahora