မည်သို့ပင်ဖြစ်ဖြစ် ယွင်ချဲ့တွင် အခြားလုပ်ကိုင်ရန် ကျန်ရှိ​နေ​သေးသည်။

ဟွာရှား တက္ကသိုလ်ပရဝဏ်တွင် ရက်​ပေါင်းများစွာ​ ပျောက်​နေခဲ့​သော ယွင်ချဲ့မှာ သာမန် ရှပ်အင်္ကျီနှင့် အားကစား​​​ ဘောင်းဘီကိုသာ ဝတ်ဆင်ထားသည်။ သို့​သော် ပုံစံအသစ် ညှပ်ထား​သော ဆံပင်၊ အချိုးအစားညီ​သော မျက်နှာကျ အ​နေအထား၊ ပိန်သွယ်​သော ခန္ဓာကိုယ်နှင့် နှုတ်ခမ်းတွင် ​ဆေးလိပ်တစ်​ထောင့် ကိုက်လျက် လာ​နေပုံမှာ လမ်းတစ်​လျှောက်ရှိ မိန်းက​လေးများကို ညို့ယူဆွဲ​ဆောင်​နေသည်။

"ယွင်ချဲ့ ?"

မယုံကြည်နိုင်ဟန်နှင့် ခပ်ဩဩ ထွက်လာ​သော အသံ​ကြောင့် ယွင်ချဲ့ မျက်​မှောင်ကြုတ်ကာ ​မော့ကြည့် လိုက်မိသည်။ ဝတ်စုံပြည့်ကို သားနားစွာ ဝတ်ဆင်ထား​သော ဟန်မင်ကျယ်ကို​တွေ့လိုက်ရပြီး မျက်မှန်​အောက်ရှိ သူ၏အကြည့်တို့မှာလည်း သံသယ အရိပ်အ​ယောင်များ ​ရော​နှော​နေသည်။

အတိတ်ဘဝက သူမည်မျှ ရူးမိုက်ခဲ့သည်ကို ယွင်ချဲ့ ထပ်မ​တွေးလို​တော့​ပေ။

"တကယ် မင်းပဲလား ယွင်ချဲ့ .. ပြီးခဲ့တဲ့ ၁ဝ ရက်လုံး ဘယ်​တွေ​ ရောက်​နေခဲ့တာလဲ .. မင်းက ပိုဖြူပြီး ပိုလည်း​ ချောလာပါလား"

သူ၏အ​ရှေ့တွင် ရပ်​နေ​သော ဟန်မင်ကျယ်က စ​နောက်လိုက် ဂရုစိုက်လိုက်နှင့် ဆရာတစ်ယောက်ကဲ့သို့ ပြုမူ​နေသည်။ အတိတ်ဘဝက ပျက်သုဉ်း ကာလတွင် သူအရူး လုပ်ခံခဲ့ရသည်မှာ မထူးဆန်း​ပေ။ အကယ်၍သူသာ အခြားသူတစ်​ယောက် ဖြစ်​နေခဲ့လျှင် ဂရုစိုက်ခံရသည်ကို အလွန် နှစ်သက်မိလိမ့်မည်။ အထူးသဖြင့် လူသားများ တဖြည်းဖြည်း​ လျော့နည်း​လာ​တော့မည့် ကမ္ဘာ့ အဆုံးသတ်​နေ့များတွင် တစ်​ယောက်နှင့်တစ်​ယောက် ဂရုစိုက်​ပေးရန် လိုအပ်​ပေသည်။

"ပါ​မောက္ခ ဟန်လည်း အတူတူပါပဲ .. မယုံနိုင်​လောက်​အောင်ပါ ဒါမှမဟုတ် ပါမောက္ခ အစစ်မှန်ပဲ မဟုတ်လား"

​ဟန်မင်ကျယ်၏ စိတ်ထဲသို့ ထိုး​ဖောက် မြင်​နေရသကဲ့သို့ စိုက်ကြည့်ကာ ​လှောင်ရယ်သော အပြုံးနှင့် ယွင်ချဲ့ ​ပြော​လေသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now