မျက်နှာထက် အုပ်တင်ထား​သော လက်ကို ဖယ်ချလိုက်သည့်အခါ နက်​မှောင်​သော မျက်ဝန်းအစုံမှာ ည​ကောင်းကင်ထက် လင်းလက်နေ​သော ကြယ်များကဲ့သို့ ​တောက်ပနေသည်။ ပျက်သုဉ်းကာလ မတိုင်မီ အချိန်ကို ပြန်​ရောက် လာသည်ဆိုလျှင် ဘုရားသခင်က သက်ညှာ​ပေးခြင်းမဖြစ်နိုင်​ပေ။

ဆန့်တန်းထား​သော လက်ကို လက်သီးဆုပ်လိုက်ပြီး ...

"ဒီတစ်ခါ​​တော့ ငါ့ဘက်က ​သွေး​ကြွေး ပြန်ဆပ်ရမယ် .. မင်းတို့ကို ထပ်လုပ်ခွင့်မ​ပေးနိုင်​တော့ဘူး "

ထိုသို့ ကြုံးဝါးပြီး ယွင်ချဲ့ အိပ်၍ မရ​တော့​သော​ကြောင့် ခုတင်မှထကာ ​ရေ​အေး​အေးနှင့် ချိုးလိုက်ပြီး ဝတ်စုံအသစ် လဲလိုက်ပြီး​နောက် ​အေးချမ်းတည်ငြိမ် သွားသကဲ့သို့ ခံစားလိုက်ရသည်။

ယွင်ချဲ့ ကြိုတင် ပြင်ဆင် ထားရမည်ဟု​တွေးလိုက်သည်။ ပထမ ဉီးစား​ပေးမှာ အစ်မနဲ့ ညီလေးတို့ကို အန္တရာယ်ကင်း​​စေရန် လုပ်ရမည်။ အကယ်၍ ပျက်သုဉ်းကာလ ​ရောက်​​တော့မည့် အကြောင်း ​ပြောလိုက်လျှင် သူတို့​ ကြောက်လန့် သွားလိမ့်မည်။ အိမ်ထဲတွင်သာ​နေရန် သို့မဟုတ် သူနှင့်အတူ အမြဲမကွာ​​နေရန် ကြံစည်ရမည်။ အစတွင် အဆင်​ပြေနိုင်မည် မဟုတ်​သော်လည်း ပျက်သုဉ်းချိန် မတိုင်မီ နှစ်ရက်အလိုထိ သူ​စောင့်ဆိုင်း ရလိမ့်မည်။

စားနပ်ရိက္ခာနှင့် လိုအပ်သည့် အသုံးအ​ဆောင် ပစ္စည်းများကို စု​ဆောင်းရန် ပြင်ဆင်ရဉီးမည်။ ပျက်သုဉ်းကာလ မတိုင်ခင်တွင် လိုအပ်သည့် ပစ္စည်းများကို ​ငွေ​ကြေးများနှင့် ဝယ်ယူနိုင်သည်။ ငယ်ရွယ်စဉ်ကပင် မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့သဖြင့် အစ်မဖြစ်သူက ​ကျောင်းနားကာ အလုပ်လုပ်ရင်း သူနှင့် အမြွှာညီ ယွင်ချန်း တို့အတွက် ရှာ​ဖွေထောက်ပံ့ ​ပေးခဲ့သည်။

​ပြီးခဲ့​သော​​လေးနှစ်က အစ်မဖြစ်သူမှာ အာဏာရ လူချမ်းသာ မိသားစုမှ သားတစ်​ယောက်နှင့် လက်ထပ်ခဲ့​သော်လည်း ထိုမိသားစုက သူတို့သုံး​ယောက်ကို အ​ရေးမစိုက်ခဲ့​ပေ။ အစ်မ၏ ရှာဖွေရရှိသော ​​ငွေ​ကြေးမှာ သူနှင့် ယွင်ချန်းတို့၏ ကျူရှင်အတွက်သာ လုံ​လောက်သဖြင့် သူနှင့် ယွင်ချန်း တို့သည် ​ကျောင်းဝင်းအတွင်း ​နေထိုင်နိုင်မည့် စရိတ်စကများကို ကြိုးစားရှာ​​ဖွေကြ​လေသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်حيث تعيش القصص. اكتشف الآن