Chp 670 ( တိုက်ပွဲသို့)

41 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 670 (တိုက်ပွဲသို့)

“ကောင်းတယ်။ တာအိုဖခင်ကြီး အဆင့်စွမ်းအင်နဲ့ ရာဟူး၀င်္ကပါကို ထိန်းချုပ်ရတာ ပိုလွယ်သွားပြီ… ကောင်းကင်အင်မော်တယ် ၉၀၀၀၀ နဲ့ လွတ်မြောက်အင်မော်တယ် ၈ သန်း ဆင့်ခေါ်အသုံးပြုတဲ့ သဘာ၀ စွမ်းအင်အားလုံးကို ငါအသုံးပြုနိုင်ပြီလေ…”
ရာဟူးနတ်ဘုရား၀င်္ကပါရဲ့ အင်အားအပြည့်အ၀ကို နင်ခံစားမိလာခဲ့ပါပြီ…

သူ့ရဲလက်ရှိအဆင့်မှာ ရှိတဲ့ တာအိုဖခင်ကြီးတစ်ဦးရဲ့ စွမ်းအင်နဲ့  အစောပိုင်းက အစစ်အမှန် အင်မော်တယ် တစ်ဦးရဲ့ စွမ်းအင်ဟာ အပုံကြီးကို ကွာခြားနေခဲ့တယ်လေ။ အစစ်အမှန် အင်မော်တယ် တစ်ဦးအနေနဲ့… ဒီ၀င်္ကပါကို ထိန်းချုပ်ရတာဟာ ကလေးလေးတစ်ဦးက ကျောက်တုံးကြီးတုံးကို မနိုင်၀န်ထမ်းနေရသလိုပါ… တာအိုဖခင်ကြီးတစ်ဦးဆောင်ရွက်လာတဲ့အခါမှာတာ့.. အားကြီးတဲ့ လူကြီးတစ်ဦးက မထားတာမျိုး ဖြစ်လာခဲ့ပြီလေ။ နင့်ရဲ့ အခြေခံတွေ ပြောင်းလဲလာခဲ့သလိုပဲ.. ၀င်္ကပါကို ထိန်းချုပ်ရာမှာ တွေ့ရတဲ့ အခက်အခဲတွေဟာလည်း ပြောင်းလဲသွားခဲ့ပါပြီ…

သူ့ရဲ့ စိတ်ဝိညာဉ်က အများကြီး အစွမ်းထက်လာတာကိုပါ တွက်လိုက်မယ်ဆိုရင်.. သူ့အနေနဲ့ ရာဟူး၀င်္ကပါကိုပါ အလွယ်တကူပဲ ထိန်းချုပ်မောင်းနှင်နိုင်နေပြီလေ။

“အက်ကြောင်းမဲ့ဂိတ်…”
ရာဟူးနင်ရဲ့မျက်လုံးမှာ လူသတ်ငွေ့တွေ ဖြာထွက်လာခဲ့ပါပြီ…

လေထဲမှာ မျောလို့နေတဲ့ နန်းတော်တစ်ခု…

၀တ်စုံနက်၀တ် နင်ဟာ နင့်ရဲ့ အိမ်တော်ထဲမှာ ပြန်လည်ပေါ်ထွက်လာခဲ့ပါပြီ.. ၀တ်စုံနက်၀တ် နင်လည်း ခေါင်းမော့ကြည့်လိုက်ပါတယ်။ နှင်းပွင့်တွေဟာ ပတ်၀န်းကျင် တခွင်မှာ ကျနေလို့…

“နှင်းကျနေပြီလား…”
နင်လည်း တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

တော်၀င်ရှမှာ နတ်ဘုရားဘုရင်ကို တွေ့ဆုံခဲ့ချိန်တုန်းကလည်း ဆောင်းဥတုပါ.. ဒါပေမဲ့လည်း အဲဒီအချိန်တုန်းက နင့်ရဲ့နှလုံးသားမှာ စိတ်အားထက်သန်မှု့တွေ ပြည့်နေခဲ့ပါတယ်။ အခုအချိန်မှာတော့ … သူ့နှလုံးသားဟာ ရေခဲတောင်အလား အေးစက်နေခဲ့ပါပြီ…

ဂျိနင် Book 31 - Where stories live. Discover now