Chp 622 ( ရေခဲမီးလျှံ ဂျိဒန်ပြုပြင်နည်း)

86 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 622 (ရေခဲမီးလျှံ ဂျိဒန် ပြုပြင်နည်း)

တစ်ချိန်လုံး ပိတ်လို့နေတဲ့ တာအိုတန်ခိုးရှင် သန့်စင်ခြင်း သုံးပါးရဲ့ မျက်လုံးလည်း အနည်းငယ်လောက် ပွင့်သွားခဲ့ပါပြီ။ သူ့ရဲ့ ဓားလို စူးရှလွန်းလှတဲ့ အကြည့့်ဟာ မဟာမိုးကြိုးနတ်ဘုရားကြီးဆီကို ကျရောက်သွားခဲ့ပြီလေ။
“မိုးကြိုးနတ်ဘုရား… ဒါက မင်းတစ်ဦးတည်းအတွက် မဟုတ်ဘူး… ငါတို့ မဟာမိတ်ဘက်မှာ ရှိနေတဲ့ မရေမတွက်နိုင်တဲ့ သက်ရှိအားလုံးအပေါ်ကို အကျိုးသက်ရောက်လာနိုင်တယ်။ ဒါကြောင့်လည်း ဒီနတ်ဘုရားသိုင်းပညာကို ဘယ်လိုလုပ် လွယ်လွယ်ကူကူ ဖြန့်ဝေပေးနိုင်မှာလဲ… ငါတို့တွေ ခြေတစ်လှမ်းလောက် မှားသွားတာနဲ့.. ဒီမဟာစစ်ပွဲကြီးတစ်ခုလုံးကို ငါတို့ရှုံးန်ိမ့်သွားရမှာလေ။ ဘယ်လိုမှ အဖတ်ဆယ်လို့ ရတော့မှာ မဟုတ်ဘူး။”

“ငါသိပါတယ်။ ဒါပေမဲ့.. မင်းက ငါ့ကို သူလျှိုလို့ ထင်နေလို့လား…”
မိုးကြိုးနတ်ဘုရားကြီး အလျှော့မပေးလိုခဲ့ပါဘူး။

တာအိုတန်ခိုးရှင် သန့်စင်ခြင်းသုံးပါးလည်း အေးအေးလူလူပဲ ပြောလိုက်ပါတယ်။
“ဒီကျင့်စဉ်ကို မင်းအရမ်းပဲ လိုချင်နေတာ ငါသိတာပေါ့… ပြီးတော့ မင်းအနေနဲ့ အောင်မြင်နိုင်ခြေ ရှိတယ်လို့ ထင်ထားတယ်လေ .. ဟုတ်တယ်မလား…”

“အမှန်ပဲ…ဂျိနင်တောင်မှ လေ့ကျင့်နိုင်တဲ့ဟာကို.. ငါ့ရဲ့ မိုးကြိုးတာအိုက လောကသုံးပါးမှာ နံပါတစ်ပဲလေ။ ငါက ဘာဖြစ်လို့ မအောင်မြင်ရမှာလဲ…”
မိုးကြိုးနတ်ဘုရားကြီးလည်း ရွှီးဖူတိ နံဘေးမှာ ရှိနေတဲ့ နင်ကို လှမ်းကြည့်လိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးမှာ မာန်မာနတွေ ပြည့်နေလို့ပါ။
“ဦးချိုကိုးချောင်း မိုးကြိုးမြွေနဂါးအကြောင်းကို ငါက တခြားသူတွေထက် ပိုပြီးတော့ သိတာပေါ့… ငါ့အတွက် ဒီကျင့်စဉ် တစ်စွန်းတစ်စလောက် ကြားလိုက်ရမယ်ဆိုရင်တောင် လေ့ကျင့်အောင်မြင်နိုင်မှာ….”

“ဒီလောက်တောင် မာန်တက်နေရလားဟ…”
ကျယ်လောင်လွန်းတဲ့ နှာခေါင်းရှုံ့ မခိုးမခန့်ပြောလာသံ ထွက်ပေါ်လာခဲ့ပါပြီ။

ဂျိနင် Book 31 - Where stories live. Discover now