Chp 636 ( ဝူကျိမှ ထိုက်ကျိမွေးဖွားလာခြင်း)

45 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 636 (ဝူဂျိမှ ထိုက်ကျိမွေးဖွားလာခြင်း)

လွင်ပြင်ထဲမှာတော့… ၀တ်စုံဖြူ၀တ် ဂျိနင်ဟာ သားမွေး၀တ်စုံ ၀တ်ဆင်ထားတဲ့ အင်ပါရီယာ နတ်ဘုရားကြီး ဖေးယိုကို မျက်နှာမူလို့… ညအဝေးမှာတော့.. အင်ပါရီယာ နတ်ဘုရား အယောက်တစ်ရာကျော်ဟာ ကြည့်လို့နေကြတယ်လေ။

“ခမ်းနားကြီးကျယ်သော  တောင်များကျွန်းဟာ နှစ်ပေါင်းများစွာခြားပြီး တိုက်ခိုက်မှုကို မခံခဲ့ရပေမဲ့လည်း… အင်ပါရီယာ နတ်ဘုရားအသစ်ရောက်လာတိုင်းမှာ… ပိုပြီး ကြောက်စရာကောင်းတဲ့ကပ်ဘေးနဲ့ ရင်ဆိုင်နေခဲ့ရတယ်လေ။ ဒီကို ရောက်အောင် လာနိုင်တဲ့ အင်ပါရီယာ နတ်ဘုရားတွေက အရမ်းကိုပဲ အစွမ်းထက်ကြပေမဲ့… ကပ်ဘေးရောက်လာတိုင်းမှာ တချို့သေဆုံးကြရတယ်လား…”
တောင်ရိုင်လည်း ခေါင်းကို ခါယမ်းပြီးတော့ သက်ပြင်းတစ်ချက် ချလိုက်မိပါတယ်။

“ဒီလို သေဘေးနဲ့ ရင်ဆိုင်ရမှသာ ပိုပိုပြီး အစွမ်းထက်လာကြတာလေ။ မင်းပိုပြီး အစွမ်းထက်လာလေလေ… နောက်တစ်ကျွန်းကို ရောက်ရှိဖို့ အလားအလာပိုပြီး ကောင်းလာလေလေပဲ….”
အင်ပါရီယာ နတ်ဘုရားကြီး သွေ့ခြောက်နဂါးက တည်ကြည်လေးနက်စွာဆိုလာခဲ့ပါတယ်။

ဒါက တတိယမြောက်ကျွန်းပါ… နောက်တစ်ကျွန်းဆို စတုတ္ထမြောက် ကျွန်းလေ…. ပဉ္စမမြောက် ကျွန်းမှာတော့ အန္တရာယ် မရှိတော့ပါဘူး။ ရောက်ရှိသွားတာနဲ့ ထွက်ခွာခွင့် ရပြီလေ။ ဒါကြောင့်လည်း တတိယမြောက် ကျွန်းကို ရောက်လာခဲ့ကြတဲ့ အင်ပါ၇ီယာ နတ်ဘုရားတိုင်းဟာ အလွန်ကိုပဲ အစွမ်းထက်ခဲ့ကြတာပါ…. စတုတ္ထမြောက် ကျွန်းကို ရောက်သွားသူတွေကတော့ ဒီနယ်မြေကနေ ထွက်ခွာဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်လေ။

တတိယမြောက် ကျွန်းရဲ့ ကပ်ဘေးဟာ လက်လျှော့သွားခဲ့တဲ့ အင်ပါရီယာ နတ်ဘုရားတွေအဖို့ မဟုတ်ခဲ့ပါဘူး။ သူတို့တွေက ကိုယ့်အားကိုယ်ကိုးပြီး ကျော်ဖြတ်လာနိုင်တဲ့ အင်ပါရီယာ နတ်ဘုရားတွေ အဖို့ပါ….

“သတိထားပါ.. ညီလေး ဒက်နော့…”
လှံဓားတို တစ်စုံဟာ ဖေးယိုရဲ့ လက်ထဲမှာ ပေါ်ထွက်လာခဲ့ပါပြီ။

ဂျိနင် Book 31 - Where stories live. Discover now