Book 35 Chp 700 ( နတ်မိစ္ဆာသွေ့ခြောက်ဆူး)

40 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 700 (နတ်မိစ္ဆာ သွေ့ခြောက်ဆူး)

“ဓားတန်ခိုးရှင် ဒက်နော့.. ဂျိနင်လား… ငါတော်တော်ရင်းရင်းနှီးနှီးကြားဖူးနေတယ်။”
ဂြိုဟ်သားကျူးကျော်သူကြီးဟာ သူ့ရဲ့ ပလ္လင်ကို မှီလိုက်ပြီးတော့ မေးကိုလက်နဲ့တောက်ပြီး တိုးတိုးလေး ရေရွတ်နေခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ သူ့မျက်လုံးတွေ တောက်ပလို့ သွားခဲ့ပါပြီ…
“ငါမှတ်မိပြီ.. သူက လောကသုံးပါးရဲ့ အတောက်ပဆုံးသော ကြယ်ပွင့်ပေါ့လေ… ဟုန်ယွိလို ပါရမီရှိပြီး တိုးတက်တာ အရမ်းမြန်တဲ့ လူ… ငါသာအမှတ်မမှားဘူးဆိုရင်… အက်ကြောင်းမဲ့ဂိတ်က သူ့ရဲ့ မူလခန္ဓာကို ဖျက်ဆီးလိုက်ပြီဆိုတဲ့ သတင်းပေးခဲ့တယ်။ သူ့ရဲ့ မူလအမွှာပဲ ကျန်တော့တာတဲ့…”

“မူလအမွှာ… ဒီအကြောင်းကို ကြားရတိုင်း ငါအမြဲတမ်းပဲ မနာလို ဖြစ်မိတယ်။ ဒီ သေမျိုး သက်ရှိတွေက ဖြည်းဖြည်းချင်း အဆင့်တက်လာတာဆိုတော့ မူလအမွှာ တည်ဆောက်ခွင့် ရခဲ့ကြတယ်။ ငါတို့လို ကမ္ဘာဦး ပျက်စီးခြင်း စကြ၀ဠာကနေ မွေးဖွားလာခဲ့တဲ့ ဖင်းဂေါ့တွေမှာကျတော့ ဒီလို အခွင့်အရေး မရှိခဲ့ဘူးလေ…”
ဂြိုဟ်သားကျူးကျော်သူကြီးဟာ ခေါင်းကို ခါယမ်းပြီးတော့ သက်ပြင်းချလိုက်မိပါတယ်။

“ဒီသေမျိုးတွေက ဆရာ့ကို ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်ပါ့မလဲ…”
ရွှေရောင်သံချပ်ကာ၀တ်စုံနဲ့ လူခြောက်ဦးထဲက မုတ်ဆိတ်နီနဲ့ အဘိုးအိုဟာ ပြောလာခဲ့ပါပြီ…

“အဟား ဟား…”
ထိုင်နေတဲ့ ဂြိုဟ်သားကြီးလည်း အားရပါးရ ရယ်မောလိုက်ပါတယ်။ သူ့ရယ်မောလိုက်သံဟာ ပဲ့တင်သံထပ် ထွက်ပေါ်နေလို့…

သူရယ်မောလို့ ၀သွားတာနဲ့ ဒူးထောက်နေတဲ့ မဟာအမှောင်ဆိတ်ငြိမ်ကို လှမ်းကြည့်လိုက်ပါတော့တယ်။
“အမှောင်ဆိတ်ငြိမ်… သူ့မှာ အစစ်အမှန် နတ်ဘုရားနဲ့ တာအိုဖခင်ကြီးရဲ့ အစွမ်း ရှိနေတယ်လို့ မင်းပြောခဲ့တာလား… သူက တတိယတန်းစာ အင်မော်တယ်ပဲ မဟုတ်ဘူးလား… ဒီလို အဆင့်နိမ့်အင်မော်တယ်တွေဟာ ကမ္ဘာဦးပျက်စီးခြင်းစကြ၀ဠာထဲမှာတောင် ရေတွက်လို့ မကုန်နိုင်အောင် ရှိနေခဲ့တာပဲလေ….”

ဂျိနင် Book 31 - Where stories live. Discover now