Chp 623 ( ရတနာသိုက်)

49 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 623 (ရတနာသိုက်)

ဓားတန်ခိုးရှင် ကမ္ဘာ…. မိုးထိအောင် မြင့်မားနေတဲ့ ရတနာငါးပါး တောင်…

နင်ဟာ စတုတ္ထမြောက် ကျောက်တောင်နံရံကို တိမ်ပျံစီးနင်းပြီး ကြည့်လို့နေခဲ့ပါတယ်။ ဒါက ရတနာငါးပါး ဓားသိုင်းရဲ့ စတုတ္ထမြောက် အခန်းပဲလေ။ နင့်အနေနဲ့ လအောက်ရေကန်ထဲ အသည်းအသန် မသွားခဲ့ပါဘူး။ ပထမဆုံး ရတနာငါးပါး တောင်ကြီးဆီ သွားခဲ့ပြီးတော့ အခန်းလေးကို သေချာ ဖတ်ရှုလေ့လာခဲ့တယ်လေ။

ဒီနှစ်တွေထဲမှာတော့…  သူဘယ်လောက်ပဲ ကြိုးစားခဲ့ပါစေ.. တတိယမြောက် အခန်းကို မအောင်မြင်ခဲ့သေးပါဘူး။ ဒါကြောင့် သူ့အနေနဲက စတုတ္ထမြောက် အခန်းကို ကြိုတင်ပြီး ဖတ်ရှုခြင်းဟာ တော်တော်ကို လောကြီးနေတဲ့အပြုအမူလို့ ပြောလိုရပါတယ်။ ဒါပေမဲ့ သူဒီလိုလုပ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ လအောက် ရေကန်ထဲ ၀င်ရောက်ရတော့မှာ ဖြစ်လို့ပါ။

လအောက်ရေကန်ဟာ အလွန်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ နယ်မြေတစ်ခုပါ။ သူ၀င်ရောက်သွားတာနဲ့.. အပြင်လောကနဲ့ လုံး၀ အဆက်အသွယ်ပြတ်တောက်သွားပါလိမ့်မယ်။  သူ့ရဲ့ မူလအမွှာကော တခြားကိုယ်ပွားတွေပါ လအောက်ရေကန်ထဲ ၀င်ရောက်သွားတဲ့ ခန္ဓာကိုယ်ကို ဆက်သွယ်နိုင်တော့မှာ မဟုတ်တော့ဘူးလေ။ ကမ္ဘာဦးခေတ်အချိန်ကတည်းကကို လအောက်ရေကန်ထဲ ၀င်ရောက်သွားတဲ့ အင်ပါရီယာ နတ်ဘုရားအရေအတွက်ဟာ ထောင်ပေါင်းများစွာကို ရှိနေခဲ့ပြီးပါပြီ။ သူတို့တော်တော်များများရဲ့ မူလအမွှာတွေက လောကသုံးပါးမှာပဲ ကျန်ရစ်ခဲ့ကြတယ်လေ။ ဒါကြောင့်လည်း လအောက်ရေကန်ထဲ ရောက်သွားတာနဲ့ လုံး၀ကို အဆက်အသွယ် ပြတ်သွားနိုင်တယ်ဆိုတာကို သိခဲ့ကြတာပါ။

ဒီနေ့အထိကို ဗုဒ္ဓဂျူမင်း တစ်ဦးတည်းသာ အဲဒီ နယ်မြေကနေ ပြန်လည်ထွက်ခွာလာနိုင်ခဲ့ပါသေးတယ်။ သူက ရတနာသုံးခုနဲ့အတူ ပြန်ရောက်လာခဲ့တာလေ။ ဒါပေမဲ့… ဒီ နယ်မြေထဲမှာ ရတနာပေါင်း များစွာ ရှိနေသေးတယ်ဆိုတဲ့ စကားပဲ သူပြောခဲ့ပါတယ်။ ဒီရတနာ သုံးခုအကြောင်းကို သူသေချာ ရှင်းပြခဲ့ပေမဲ့လည်း လအောက် ရေကန်မှာ ကြုံတွေ့ခဲ့ရတဲ့ အန္တရာယ်တွေ အဖြစ်အပျက်တွေ အကြောင်းကိုတော့ လုံး၀ မပြောပြပဲ ရေငုံနှုတ်ပိတ်နေခဲ့တယ်လေ။

ဂျိနင် Book 31 - Where stories live. Discover now