Chp 674 ( စစ်ရှုံးခြင်း)

43 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 674 (စစ်ရှုံးခြင်း)

မိစ္ဆာခပ်သိမ်းကမ္ဘာ…

တောင်ကြီးတစ်လုံးအထက်မှာတော့…

၀တ်စုံနီကို၀တ်ဆင်ထားတဲ့ အဇူရာဆံပင်နဲ့ မိစ္ဆာခပ်သိမ်း သခင်ကြီးက ကြာပန်းသဏ္ဌာန် ထိုင်နေခဲ့ပါတယ်။ သူ့ရဲ့ အကြည့်ဟာ အဆုံးမဲ့ စကြာ၀ဠာကို ဖောက်ထွက်သွားခဲ့ပြီး သမင်ဖမ်း ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲကြီးဆီ ရောက်နေခဲ့ပါတယ်။

“ဂျိနင်…”
မိစ္ဆာခပ်သိမ်းသခင်ကြီးလည်း တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။ သူတစ်ခါမှ ဂရုမစိုက်ခဲ့ဖူးတဲ့ သာမန်လူကလေးကို အခုတော့ သတိထား ကြည့်နေမိခဲ့ပါပြီ….

“ငါတို့ရှုံးနိမ့်သွားပြီပဲ…”

“ဒီအရေးကြီးပါတယ်ဆိုတဲ့စစ်ပွဲကို..  ရှုံးနိမ့်သွားခဲ့ရပြီ… အရာအားလုံး တမန်တော်ကိုလည်း ငါတို့ ဆုံးရှုံးသွားခဲ့တယ်လား…”
မိစ္ဆာခပ်သိမ်း သခင်ကြီး ခေါင်းကို ခါယမ်းလိုက်ပါတယ်။

ရုတ်တရက်ဆိုသလိုပဲ လူရိပ်တစ်ခု သူ့နံဘေး ရောက်ရှိလာခဲ့ပါပြီ… သူကတော့ မဟာပညာရှင် အမှောင်ကောင်းကင်ဘုံပါ…. သူတေ်ာတော် ရှူးရှူးရှားရှား ဖြစ်နေပုံ ရပါတယ်။

“ဆရာ…”
အမှောင်ကောင်းကင်ဘုံ အသည်းအသန် ပြောလာခဲ့ပါပြီ…
“ကျွန်တော်တို့တွေ တမန်တေ်ာကို ပြန်ယူဆောင်နိုင်မှဖြစ်မယ်။ သူတို့ကို တည်ဆောက်ဖို့ အများကြီး ရင်းနှီးမြုပ်နှံခဲ့ရတယ်မဟုတ်ဘူးလား…. အခုတော့ တစ်ခု လုယူခံလိုက်ရပြီ… ကျွန်တော်တို့မှာ တစ်ခုလျော့သွားပြီ.. နွီဝါးမဟာမိတ်တွေမှာတော့ တစ်ခုတိုးသွားပြီဆရာ… ဒါက ဒီစစ်ပွဲတစ်ခုလုံးကို ကြီးကြီးမားမား သက်ရောက်မှု ရှိလာနိုင်တယ်နော်…”

“ပြန်ယူရမယ်လား.. ဘယ်လို ယူရမှာလဲဟ…”
မိစ္ဆာခပ်သိမ်း သခင်ကြီးလည်း အမှောင်ကောင်းကင်ဘုံကို စိုက်ကြည့်လိုက်ပါတယ်။

အမှောင်ကောင်းကင်ဘုံလည်း တုန်လှုပ်သွားခဲ့ပါပြီ။

“ဘယ်လိုနည်းလမ်းနဲ့မှ ပြန်ယူဖို့ မဖြစ်နိုင်ဘူးလေ။ လောကစစ်ပွဲမှာ ငါတို့တွေ ရှုံးန်ိမ့်သွားခဲ့ရပြီ… လောကသုံးပါးတခွင်က ပုဂ္ဂိုလ်အားလုံးပဲ ဒီစစ်ပွဲကို စောင့်ကြည့်နေကြတာ… နွီဝါးမဟာမိတ်က ပုဂ္ဂိုလ်တွေအားလုံးကောပဲ… ငါ လှုပ်ရှားလိုက်မယ်ဆိုရင်… တခြား မဟာပုဂ္ဂိုလ်တွေအားလုံးပါ တစ်ပြိုင်တည်း လှုပ်ရှားလာကြလိမ့်မယ်။ နွီဝါးမဟာမိတ်တွေကလည်း ငါတို့ကို အခွင်အရေးပေးချင်မှာ မဟုတ်ဘူးလေ…”
မိစ္ဆာခပ်သိမ်း သခင်ကြီး တေ်ာတေ်ာကိုအေးအေးလူလူ ရှိနေခဲ့ပါတယ်။

ဂျိနင် Book 31 - Where stories live. Discover now