Chp 699 ( အမှောင်ဆိတ်ငြိမ်ကမ္ဘာ)

46 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 34
Chapter 699 (အမှောင်ဆိတ်ငြိမ် ကမ္ဘာ)

ကမ္ဘာဦး အပျက်အစီး ကမ္ဘာရဲ့ နီဟီလမ် နယ်မြေ… စကြ၀ဠာ လှိုင်းတွေဟာ ဆက်တိုက်ဆိုသလို ဒီနယ်မြေမှာ ဖြစ်ပေါ်နေလို့..

၀ှစ်

စကြ၀ဠာ လေဝဲတစ်ခုဟာ ဖြစ်ပေါ်လာခဲ့ပြီဖြစ်သလို ၀တ်စုံဖြူ၀တ် လူငယ်လေးတစ်ဦးလည်း ထွက်ပေါ်လာခဲ့ပါပြီ… သူဟာ စကြ၀ဠာထဲမှာ ရပ်လျက်… အဆုံးအစမဲ့ လောကကို သူကြည့်နေမိခဲ့ပါတယ်။

“ဆရာပြောခဲ့တဲ့ စကားတွေအရတော့…  အခုဆို ဖူရှီတို့ သက္ကဂ္ဂထာတို့တွေက အမှောင်ဆိတ်ငြိမ် ကမ္ဘာမှာ ရှိနေကြလိမ့်မယ်။”
နင့်ရဲ့ မျက်လုံးတွေမှာ မီးလျှံတွေ ထွက်ပေါ်နေခဲ့ပါပြီ… ကမ္ဘာဦး အပျက်အစီး ကမ္ဘာကြီးကို သူရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီလေ… အမှောင်ဆိတ်ငြိမ် ကမ္ဘာနယ်မြေကိုလည်း သူချက်ချင်း သိရှိသွားခဲ့ပါပြီ…

ကမ္ဘာဦး အပျက်အစီး ကမ္ဘာကြီးကို နယ်မြေများစွာ ခွဲခြားလို့ထားပါတယ်။ မတူညီတဲ့ ဂြိုဟ်သားအဖွဲ့အစည်းများစွာဟာလည်း နယ်မြေများစွာကို ခွဲခြား အုပ်ချုပ်လျက်ပါ… ပြီးတော့ ဗဟိုချက်မနဲ့ နီးကပ်လာလေလေ.. ဒီနယ်မြေတွေဟာ ပိုပိုပြီးတော့ ကြောက်မက်ဖွယ်ကောင်းလာလေလေပါ..

ချိုကျိုးကမ္ဘာဆိုတာဟာ ကမ္ဘာဦးအပျက်အစီး ကမ္ဘာကြီးရဲ့ အပြင်စည်းမှာ ရှိလို့နေတဲ့ ကမ္ဘာတစ်ခုပါ… နှိုင်းယှဉ်ပြောရမယ်ဆိုရင် အရမ်းကို အားနည်းတဲ့ ကမ္ဘာတစ်ခုပေါ့… ချိုကျိုး ကမ္ဘာရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေက မိခင်ဘုရင်မကြီး သုံးပါးပဲ ရှိခဲ့တယ်လေ။ ပြောရရင် သူတို့တွေဟာ အစစ်အမှန် နတ်ဘုရားတွေ တာအိုဖခင်ကြီးတွေ အဆင့်မှာတောင် ရှိမနေခဲ့သေးပါဘူး… အင်ပါရီယာ နတ်ဘုရား နှင်းနီရဲ့ ဂြိုဟ်ခုနစ်ပါး နတ်ဘုရား ၀င်္ကပါဟာ သူတို့သုံးဦးလုံးကို အချိန်အကြာကြီး တိုက်ခိုက်နိုင်ခဲ့တယ်လေ။ ဂိုဏ်းချုပ်ကြီး ရွှီးဖူတိဟာလည်း သူတို့ကို လက်ဝါးတစ်ဖက်တည်းနဲ့ အမှုန့်ခြေနိုင်ခဲ့ပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် ချိုကျိုးကမ္ဘာဟာ ဘယ်လောက်အားနည်းတယ်ဆိုတာကို သိနိုင်ပါပြီ…

ဂျိနင် Book 31 - Kde žijí příběhy. Začni objevovat