Chp 697 ( လောကသုံးပါးရဲ့ အပြောင်းအလဲ)

46 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 34
Chapter 697 (လောကသုံးပါးရဲ့ အပြောင်းအလဲ..)

အကြီးအကဲ နတ်ဘုရား တစ်၀က်လောက် ဖြစ်နေပြီဖြစ်တဲ့ နင့်ရဲ့ အမြင်အာရုံဟာ အလွန်ကို စူးရှထက်မြက်နေခဲ့ပါပြီ… ကျွန်းကို သူကြည့်လိုက်တာနဲ့… အင်မော်တယ် နန်းတော်ကြီးတွေ၊ ပျံသန်းနေတဲ့ နန်းတော်အိမ်ကြီးတွေ၊ လောကသုံးပါးတခွင် အလွန်ကို ကျော်ကြားတဲ့ ပန်းဥယျာဉ်ကြီးတွေကို မြင်လိုက်ရပါတယ်။ ရတနာအများစုဟာ အစစ်အမှန် နတ်ဘုရားတွေ နဲ့ တာအိုဖခင်ကြီးတွေ ပိုင်ဆိုင်ကြတဲ့ ကာကွယ်ရေးအဆင့်အတန်း အလွန်ကို မြင့်မားတဲ့ ရတနာတွေပါ..

“ဂိုဏ်းတူညီမလေး… ကြည့်စမ်း.. ဓားတန်ခိုးရှင် ဒက်နော့ပါလား..”

“သူက ဂျိနင်ပေါ့…”

“ဓားတန်ခိုးရှင် ဒက်နော့ရဲ့ ဓားသိုင်းက အရမ်းကို ကြောက်စရာ ကောင်းတယ်လို့ အဖေပြောတာ ကျွန်မကြားဖူးခဲ့တယ်။ သူ့ရဲ့ ဓားသိုင်းက လောကသုံးပါးတခွင်မှာ အစွမ်းအထက်ဆုံးတဲ့… သူက အဖေ့လိုပဲ အစွမ်းထက်တယ်တဲ့…”

“လောကသုံးပါးတခွင်မှာ အစွမ်းအထက်ဆုံးလား… ဒါက နည်းနည်း ပိုသွားပြီထင်တယ်။ ဟုတ်တယ်မလား.. သူက ရတနာငါးပါး ဓားသိုင်းကို အောင်မြင်ခဲ့ပေမဲ့လည်း ဓားအင်အားက အဆင့်လေးပဲ ရောက်ခဲ့သေးတယ်လေ။ သူ့ရဲ့ မူလခန္ဓာကိုယ်ကို အက်ကြောင်းမဲ့ဂိတ်က ဖျက်ဆီးပစ်ခဲ့ပြီးပြီ…. သူတမန်တော်ကို အသုံးပြုတဲ့ အချိန်မှာ ဆရာနဲ့ အဆင့်တူလောက် ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမဲ့လည်း တမန်တော်ပါ ပျက်စီးသွားခဲ့ပြီလို့ ငါကြားခဲ့တယ်။ သူ့ရဲ့ မူလခန္ဓာကိုယ်လည်း ဆုံးရှုံးသွားခဲ့ပြီဆိုတော့… သူက ဆရာထက်ကို အားနည်းနေတော့မှာ အမှန်ပဲ… သူက အချိန်မှားယွင်းပြီး မွေးဖွားလာခဲ့တာ… တစ်ကယ်လို့သာ သူနောက်ထပ် နှစ်ပေါင်း တစ်သောင်းလောက် အချိန်ရခဲ့မယ်ဆိုရင်.. အခုထက်ကို အဆများစွာပိုပြီး အစွမ်းထက်နေလောက်ပြီ…”

“ကြည့်စမ်း.. ဟိုမှာ ဂျိနင်ပါလား..”

“ဓားတန်ခိုးရှင် ဒက်နော့..??”

“နှမြောဖို့ကောင်းတယ်။ အက်ကြောင်းမဲ့ဂိတ်က သူ့ကို အလစ်အငိုက်ဖမ်းပြီး လုပ်ကြံတိုက်ခိုက်ခဲ့တယ်လို့ ငါကြားခဲ့တယ်လေ။”

ဂျိနင် Book 31 - Where stories live. Discover now