Chp 713 ( မဟာအဆင့်)

46 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 713 (မဟာအဆင့်)

မဟာဖူရှဟာ ခန္ဓာကိုယ် ကြီးမားထွားကျိုင်းပြီးတော့ တည်ကြည်ခန့်ညားတဲ့ ရုပ်သွင်ရှိခဲ့ပါတယ်။ သူ့ရဲ့ အော်ရာအရှိန်အဝါဟာ သြဇာအာဏာတွေ ပြည့်နေလို့… မဟာဗီမျက်လုံးကတော့ တေ်ာတော်ကို ရုပ်ဆိုးပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ထူထဲတဲ့ ကျောက်စိမ်းအသွင်အရေပြားတွေ ဖုံးလွှမ်းလို့ နေသလိုပဲ သူ့ရဲ့ ခန္ဓာကိုယ်မှာလဲ အဖုအထစ်တွေပြည့်နေလို့… သူ့ရဲ့ ငယ်ထိပ်မှာလည်း အဖုကြီးတစ်ခုရှိပြီး သူ့ရဲ့ မျက်လုံးတွေဟာ အဖုကြီးရဲ့ အတွင်းမှာ ရှိနေခဲ့ပါတယ်။ ဒီမျက်လုံးတွေမှာတော့ ဆိုးရွားဆက်စုပ်ဖွယ်ကောင်းတဲ့ အဆုံးအစမဲ့ အော်ဂလီဆန်စရာ အရှိန်အဝါတွေ ပြည့်နေလို့ပါ… အားအင် ချိနဲ့တဲ့ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေဆိုရင် အကြည့်တစ်ချက်ကြောင့် ချက်ချင်း လဲကျသွားနိုင်ပါတယ်။

“ငါနဲ့အတူလိုက်ခဲ့… ဒါပေမဲ့ ဒက်နော့နဲ့ ကွာဖူတို့ကိုတော့ သတိထား.. အထူးသဖြင့် ဒက်နော့ပေါ့.. သူ့ရဲ့ ဓားသိုင်းက အရမ်းကို အစွမ်းထက်လွန်းနေတယ်။”
မဟာဖူရှက မှာကြားလိုက်ပါတယ်။

“ဟုတ်ကဲ့ပါခင်ဗျာ…”
သူ့အနောက်မှာ ခြောက်ဦးလိုက်ပါလာခဲ့တယ်လေ။

နင်ဟာလည်း မိုးကြိုးမြွေနဂါးနက်အတွင်းကနေ ပျံသန်းလို့လာနေဆဲ.. တိုက်ပွဲကို သူတစ်ချက်ဝေ့ကြည့်လိုက်ပါတယ်။ ဗုဒ္ဓအရှင် သက္ကဂ္ဂထာအတွက် သူအလွန်ကို စိုးရိမ်နေခဲ့တာပါ… ဒေါင်းမလေး ယဉ် သူ့ကိုပြောတဲ့ ပုံအရဆိုရင်.. သက္ကဂ္ဂထာကို မဟာအဆင့် ပုဂ္ဂိုလ်နှစ်ဦးက ဝိုင်း၀န်းတိုက်ခိုက်နေကြပြီလေ.. ပြီးတော့ အဲဒီနှစ်ဦးက တစ်ခါမှ မမြင်ဖူးခဲ့တဲ့ နှစ်ဦး ဖြစ်နေခဲ့ပါတယ်။

မဟာအဆင့် ပုဂ္ဂိုလ်နှစ်ဦး… သူတို့နှစ်ဦးလုံးဟာ အကြီးအကဲ နတ်ဘုရားလည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ သူတို့သာ ကမ္ဘာဦး ပျက်စီးခြင်း စကြ၀ဠာက ရောက်လာခဲ့တယ်ဆိုရင်… ဂျိနင်အနေနဲ့ သူတို့ဘယ်လောက် အစွမ်းထက်မယ်ဆိုတာကို ခန့်မှန်းလို့ မရနိုင်ပါဘူး.. အချိန်အရမ်းကြာသွားခဲ့ရင် ဗုဒ္ဓအရှင်လည်း အသတ်ခံလိုက်ရနိုင်ပါတယ်။

ဂျိနင် Book 31 - Opowieści tętniące życiem. Odkryj je teraz