Chp 625 ( ယာကရှာ)

45 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 625 (ယာကရှာ)

ယုရီ လွန်းပျံလေးဟာ တံတားထက် လျင်မြန်စွာပျံသန်းလို့ပါ။ ဂျိနင်လည်း သတိမပြတ် စောင့်ကြည့်နေခဲ့ပါတယ်။ ဒီအေးချမ်းလို့နေတဲ့ အဆုံးအစမဲ့ ကမ္ဘာမှာ အလွန်ကို ကြီးမားတဲ့ အန္တရာယ်ကြီးတွေ ရှိနေတာ သေချာတယ်လေ။

ပင်လယ်ရေနက်ထဲ…

လူအသွင်ရှိတဲ့ ကျောက်စိမ်းရောင် သတ္တဝါကြီးတစ်ကောင်.. သူ့လက်ထဲမှာတော့ သံမဏိ ခက်ရင်းခွကြီး ကိုင်စွဲထားပါတယ်။ နင်ဆီကို သူတဖြည်းဖြည်း ချည်းကပ်လာနေခဲ့ပြီလေ။ မကြာခဏဆိုသလိုပဲ သူပျောက်ကွယ်သွားပြီးတော့ ကီလိုမီတာ တစ်သိန်းလောက်အကွာမှာ ပြန်ပြန်ပြီးပေါ်လာတတ်ပါတယ်။ သိပ်မကြာခင်မှာပဲ နင်ရဲ့အရှေ့နားမှာ သူတိတ်တဆိတ်ရောက်ရှိနေခဲ့ပါပြီ။ သူ့ရဲ့ နီရဲတဲ့ အကြည့်နက်ွေဟာ ရေပြင်ကို ဖောက်ထွက်ပြီးတော့ တံတားအထက်မှာပျံသန်းနေတဲ့ ဂျိနင်ကို စူးစိုက်ကြည့်နေခဲ့တယ်လေ။ သူ့ရဲ့ ရှည်လျားလှတဲ့ လျှာရှည်ကြီးနဲ့ အောက်နှုတ်ခမ်းကို တစ်ချက်သပ်လိုက်ပြီးတော့ တိုးတိုးလေး ရေရွတ်လိုက်ပါတော့တယ်။
“လူသစ်ရောက်လာတာ ရှားတယ်။ ဒီတစ်ယောက်ကိုတော့ အစွမ်းထက်ပါစေ မျှော်လင့်မိတာပဲ… မဟုတ်ဘူးဆိုရင် တေ်ာတော်ကို ပျင်းစရာကောင်းမှာ…”

“ဟော.. သူရောက်ပြီ.. ချကွာ…”

ကျောက်စိမ်းရောင် သတ္တဝါကြီးဟာ ပင်လယ်ရေပြင်ကို ဖောက်ထွက်ပြီးတော့ နင်ဆီကို အစိမ်းရောင်အလင်းတန်းတစ်ခုအသွင်နဲ့ ၀င်ရောက်လာပါတော့တယ်။

“အဲ…”
နင်ကိုယ်တိုင်ကလည်း အချိန်အကြာကြီးပျံသန်းနေပေမဲ့ သတိမလစ်ခဲ့ဘူးလေ။ သူလည်း နည်းနည်း ထိတ်လန့်သွားပြီးတော့…
“သူက ငါ့အနားကို ရောက်လာတာ ငါတောင် သတိမထားလိုက်မိဘူးလား….”

နင်ရဲ့ မျက်လုံးမှာ အခုဆို မီးလျှံတွေ တောက်ပလာခဲ့ပါပြီ။ သူက မီးနဂါးမျက်လုံးကို အသုံးပြုလိုက်ပြီလေ။ ရန်သူကို ရှင်းရှင်းလင်းလင်း သူမြင်တွေ့ရပါပြီ။

ဒါကတော့ ရေသတ္တဝါကြီးတစ်ကောင်ဖြစ်ပြီး ယာကရှာ မိစ္ဆာကြီးနဲ့ ဆင်တူပါတယ်။ သူ့မှာ နီရဲနေတဲ့မျက်လုံးနက်တွေ ပိုင်ဆိုင်ထားပြီးတော့ လူသတ်ငွေ့အော်ရာအရှိန်အဝါတွေကလည်း ပြင်းထန်စွာ ဖြာထွက်လို့ပါ။ သူ့ရဲ့ ခက်ရင်းခွကြီးနဲ့ နင်ကို ထိုးသွင်းလိုက်ပြီလေ။

ဂျိနင် Book 31 - Opowieści tętniące życiem. Odkryj je teraz