Chp 702 ( ပိုးကောင်သားရဲ)

46 1 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 702 (ပိုးကောင်သားရဲ)

မဟာအမှောင်ဆိတ်ငြိမ်လည်း ချက်ချင်းပဲ စစ်သူရဲရဲ့ ကိုယ်ပွားကို ပြန်လာဖို့ ဆင့်ခေါ်လိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ…

“မဟာအရှင်… ကွာဖူက ခြေထောက်နဲ့ နင်းသတ်လိုက်လို့ ဖူယို သေသွားရပါပြီခင်ဗျာ… ကွာဖူကို သူမျှားခေါ်ရင်းနဲ့ သေဆုံးသွားရတာပါ..”

“ဘာ…”
မဟာအမှောင်ဆိတ်ငြိမ်မျက်နှာမည်းသည်းသွားခဲ့ရပါပြီ…

စစ်ပွဲအချိန်အခါမှာ အင်ပါရီယာ နတ်ဘုရား အများအပြား သေဆုံးရတာ ဘာမှ မဟုတ်သေးပါဘူး… ဒါပေမဲ့ ဒီတစ်ဦးကတော့ ဂျိနင်နဲ့ တိုက်ပွဲကို သေချာ မြင်ထားခဲ့ရသူလေ… အခု.. သူက သေသွားခဲ့ပြီလား… ဒါဆို ဂျိနင်နဲ့ တိုက်ခိုက်ရင်း သေဆုံးသွားခဲ့ရတဲ့ ၁၉၉ ဦးလုံးက အလကားသေဆုံးသွားခဲ့ရတာပေါ့… ဘာသတင်းအချက်အလက်မှလည်း သူတို့ မရခဲ့ဘူးလေ…

“ကြာဖူ!!!”
မဟာအမှောင်ဆိတ်ငြိမ်ရဲ့ မျက်နှာဟာ ဒေါသကြောင့် မည်းသည်းနေခဲ့ပါပြီ..

“အခု ဒီ အဖွဲ့လေးဖွဲ့ ဘယ်နားမှာ ရှိနေသလဲ…”
မဟာအမှောင်ဆိတ်ငြိမ်လည်း မေးမြန်းကြည့်လိုက်ပါတယ်။

အနားမှာ ရှိနေတဲ့ ရွှေရောင်၀တ်စုံနဲ့ အကြီးအကဲက သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့… လေထဲမှာ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့ပါပြီ… ဒါကတော့ အလွန်ကိုကြီးမားကျယ်ပြောလှတဲ့ အမှောင်ဆိတ်ငြိမ်ကမ္ဘာ့မြေပုံပါ… မြေပုံအထက်မှာတော့ အလင်းစက်လေး လေးစက်… ရွှေရောင်၀တ်စုံနဲ့ အကြီးအကဲဟာ အလင်းစက်တစ်ခုကို မြေပုံထက် ထောက်ပြလိုက်ပြီးတော့
“အဲဒါကတော့ ကွာဖူရဲ့ အဖွဲ့ပဲ… ကွာဖူက လောကသုံးပါးရဲ့ ရှေးခေတ်ဟောင်းရဲ့ တနခိုးရှင်တစ်ဦးပေါ့… အရမ်းကိုလည်း အစွမ်းထက်တယ်။ ဟိုးအရင်တုန်းက ရွှေကျီးကန်း ဆယ်ကောင်ဟာ ပန်ဂုပျက်စီးခြင်းကမ္ဘာမှာ သောင်းကျန်းတော့ ကွာဖူက သူတို့ ဆယ်ကောင်နောက် ဒေါသတကြီးနဲ့ ပြေးလိုက်ခဲ့တယ်တဲ့… ဟိုနေဆယ်စင်းလည်း ကြောက်အားလန့်အားနဲ့ အသည်းအသန်ကို ထွက်ပြေးကြရကောတဲ့… ကွာဖူနဲ့ ကျွန်တေ်ာတို့ အဖွဲ့တွေ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအရ… ကွာဖူဟာ အနီးကပ် တိုက်ခိုက်မှု့မှာ အရမ်းကို အစွမ်းထက်နေပြီဖြစ်ပြီးတော့ အကြီးအကဲ နတ်ဘုရားတစ်ဦးအဆင့်လောက် ရောက်နေတာ သေချာသွားခဲ့ပါပြီ…”
(ကွာဖူအကြောင်း အစောပိုင်းကတည်းက တစ်ခါပါခဲ့ဖူးပါလိမ့်မယ်။ ကွာဖူနေဖမ်း နတ်ဘုရားသိုင်းကျမ်းဆိုတာပါ..)

ဂျိနင် Book 31 - Where stories live. Discover now