Chp 695 ( ဓားတစ်ချောင်း )

42 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 34
Chapter 695 (ဓားတစ်ချောင်း)

တောင်ကြားဒေသ..

ငွေရောင်ဆံပင်ပိုင်ရှင် လူကြီးတစ်ဦးဟာပန်းပင်တွေ အကြားမှာ ရပ်နေလို့… သူဟာပန်းတစ်ပွင့်ကို ခူးယူလိုက်ပြီးတော့ နမ်းရှိုက်လိုက်ပါတယ်။ သူ့မျက်နှာကတော့ နည်းနည်းသုန်မှုန်မည်းသည်းနေလို့…

“ကြီးကြပ်သူ…”
ငွေရောင်ဆံပင်နဲ့ လူကြီးက တိုးတိုးလေး ရေရွတ်လိုက်တာပါ..
“သူပဲဖြစ်နေမလား…”

အစောပိုင်းမှာတုန်းက ကမ္ဘာဦးပျက်စီးခြင်း စကြ၀ဠာမှာ လှိုင်းထန်သွားခဲ့တယ်လေ။ အစစ်အမှန် နတ်ဘုရားရှီယုလည်း ဒါဟာ အစစ်အမှန် နတ်ဘုရားအဆင့်တက်တာ ဒါမှမဟုတ် အကြီးအကဲ နတ်ဘုရား အဆင့်တက်ရာကနေ ဖြစ်ပျက်လာခဲ့တဲ့ အဖြစ်အပျက်လို့ ကောက်ချက်ချခဲ့တယ်လေ။ အကျဉ်းသားတွေဟာ အကျဉ်းကျနေခဲ့ကြတာ ကြာမြင့်ခြင်းမကကို ကြာမြင့်လွန်းလှပါပြီ… ဒါကြောင့် သူတို့တွေသာ အဆင့်တက်နိုင်သေးတယ်ဆိုရင် အစောကြီးကတည်းက အဆင့်တက်သွားခဲ့ကြမှာပါ… အကျဉ်းသားတွေထဲမှာ အဆင့်တိုးတက်နိုင်တဲ့ ရာခိုင်နှုန်းက အလွန့်အလွန်ကို နည်းနေခဲ့ပါတယ်။ ဒါကြောင့်လည်း ဂြိုဟ်သားကျူုးကျော်သူဆိုတဲ့ အဖြေတစ်ခုသာ ထွက်ခဲ့တယ်လေ။

“ဒီဂြိုဟ်သားက သာမန်မဟုတ်ပဲ အရမ်းကို အစွမ်းထက်နေတယ်။ သူသာ တစ်ကယ်ပဲ အဆင့်တက်သွားခဲ့တယ်ဆိုရင်.. အရာရာ ပိုပြီး ခက်ခဲလာတော့မှာ…”
ငွေရောင်ဆံပင်နဲ့ လူကြီးရဲ့ မျက်နှာမူ စိုးရိမ်ပူပန်မှုတို့ ယှက်ဖြာလာခဲ့ပါပြီ…
“သူက ကြီးကြပ်သူဆိုတော့… သူ့မှာ မှော်ရတနာတွေ အများကြီးကို ရှိနေမှာ သေချာတယ်။ ငါ့ရဲ့ ခုခံကာကွယ်မှု အစွမ်းက အစွမ်းထက်ပေမဲ့လည်း.. သူ့လောက် သက်လုံကောင်းကောင်းနဲ့ တိုက်ခိုက်နိုင်မှာမဟုတ်ဘူး..”

သူ့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာကတော့ အကျဉ်းထောင်ကမ္ဘာထဲက ကမ္ဘာဦးပျက်စီးခြင်း စွမ်းအင်ကို ဖြည်းဖြည်းချင်းစီ စုပ်ယူတာပါ… အကျဉ်းထောင် ကမ္ဘာမှာ ကမ္ဘာဦးပျက်စီးခြင်း စကြ၀ဠာရဲ့ စွမ်းအင်တွေကို သန့်စင်ထုတ်ယူနေတဲ့ မဟာ၀င်္ကပါကြီးရှိနေခဲ့တယ်လေ။ ဒါကြောင့် သူတို့အနေနဲ့ ရရှိနိုင်တဲ့ ပမာဏဟာ အလွန့်အလွန်ကို နည်းပါးခဲ့ပါတယ်။ ကြီးကြပ်သူကိုယ်တိုင်ကျတော့ အပြင်လောကကနေ အင်အားဖြည့်နိုင်စွမ်း ရှိနေတယ်လေ။ ဒါကြောင့်လည်း ကြီးကြပ်သူကို အချိန်ကြာမြင့်စွာ တိုက်ခိုက်ဖို့ မဖြစ်နိုင်ခဲ့တာပါ…

ဂျိနင် Book 31 - Where stories live. Discover now