Chp - 724 ( ကြယ်တာရာများ)

52 0 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 36
Chapter 724 (ကြယ်တာရာများ)

ချိုင်နန်းတော်ရှင် ဆိုလိုက်ပါတယ်။
“ရွှီးဖူတိဆီမှာ မင်းတပည့်ခံတုန်းက အရင်ဘ၀က မင်းရဲ့ မိဘတွေ သက်ရှိထင်ရှား ရှိဆဲပဲ… ငါလည်းသူတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲပေးခဲ့တယ်။ နှစ်ပေါင်းတစ်ရာပြည့်အောင် နေထိုင်ပြီးမှအေးအေးချမ်းချမ်း ဘဝပြောင်းသွားနိုင်အောင် ကူညီပေးခဲ့တယ်လေ… အဲဒီကနေမှ နောက်ထပ် ကောင်းချီးပေးခြင်း ခံထားရတဲ့ မင်္ဂလာ ကမ္ဘာတစ်ခုဆီမှာ သူတို့ ပြန်လည်မွေးဖွားလာခဲ့တယ်။ အဲဒီမှာလည်း သူတို့ရဲ့ဘဝတွေက အေးချမ်းပါတယ်။”

နင်လည်း ဖြည်းဖြည်းချင်းခေါင်းညိတ်လိုက်ပါတယ်။

ရာစုနှစ်တစ်ခုလောက် အေးအေးချမ်းချမ်း နေထိုင်ရတဲ့ ဘ၀ဟာ တစ်ကယ့်ကို ကောင်းမွန်ပါတယ်။

“တခြား ကောင်းချီးပေးခြင်းခံရတဲ့ ကမ္ဘာတစ်ခုမှာပြန်လည်မွေးဖွားလာတာ…”
နင်လည်း နားမလည်နိုင်အောင် ဖြစ်နေခဲ့တယ်လေ…

“မိခင်နွီဝါးဟာ ကမ္ဘာငယ်လေးပေါင်းများစွာကို သီးခြားအချိန်စကြ၀ဠာ နယ်မြေတွေထဲ ထည့်ထားခဲ့တာ… အဲဒီကမ္ဘာအားလုံးဟာ ကောင်းချီပေးခြင်းခံရတဲ့ ကမ္ဘာလေးတွေချည်းပဲ…”
ချိုင်သခင်ရှင်းပြလိုက်ပါတယ်။
“ပြန်လည်မွေးဖွားခြင်း လမ်းကြီးခြောက်လမ်း ပျက်စီးသွားခဲ့ပေမဲ့လည်း.. အဲဒီ ကောင်းချီးပေးခြင်းခံရတဲ့ ကမ္ဘာငယ်လေးတွေရဲ့ ပြန်လည်မွေးဖွားခြင်း စက်၀န်းဟာ နည်းနည်းလေးမှ ထိခိုက်မှု မရှိခဲ့ဘူးလေ… ကောင်းချီပေးခြင်း ခံရတဲ့ ကမ္ဘာမှာ သေဆုံးသွားသူဟာ နောက်ထပ် အလားတူ ကောင်းချီပေးခံရတဲ့ ကမ္ဘာငယ်လေးမှာပဲ ပြန်ပြီး မွေးဖွားလာရတာ… အဲဒါက ကမ္ဘာမြေလိုမျိုး နောက်ထပ် ကမ္ဘာတစ်ခုပေါ့…”

“ဒါပေမဲ့ ကျွန်တော်ကျတော့ ငရဲပြည်ကို ရောက်ခဲ့တယ်မဟုတ်ဘူးလား…”
နင်မေးကြည့်လိုက်ပါတယ်။

“ငါက မင်းကို ခေါ်လိုက်တာကိုး..”
ချိုင်ဘုရင်က ဆက်ပြောလိုက်ပါတယ်။
“ဒီကောင်းချီးပေးခြင်းခံရတဲ့ ကမ္ဘာတွေအားလုံးဟာ ချိတ်ဆက်နေကြတာ… ဒါပေမဲ့ အင်မော်တယ် ကျင့်စဉ်ကို ကျင့်ကြံဖို့ သင့်တော်တဲ့ လူတွေကိုပဲ ငါရွေးချယ်ခဲ့တာလေ.. ဒါကြောင့် မင်းကို ရွေးချယ်ဖြစ်သွားခဲ့တာပေါ့… အဲဒီ ကမ္ဘာလေးတွေက အရမ်းကို သေးငယ်လွန်းတယ်။ အင်မော်တယ် တစ်ဦးအတွက် မလုံလောက်ဘူး… ဒါကြောင့်လည်း မင်းရဲ့ စိတ်ဝိညာဉ်ကို ငရဲပြည်ဆီ ငါဆင့်ခေါ်လိုက်တာ…”

ဂျိနင် Book 31 - Where stories live. Discover now