Chp 672 ( အရာအားလုံး တမန်တော်နှင့် တိုက်ခိုက်ခြင်း)

42 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 672 (အရာအားလုံး တမန်တော်နှင့် တိုက်ခိုက်ခြင်း)

အဆုံးမဲ့ ဖင်းဂေါ့ရဲ့ ဦးခေါင်း လွင့်စဉ်သွားခဲ့တာပါ…

ဦးခေါင်းမဲ့နေတဲ့ ခန္ဓာကိုယ်ဟာ စတင်ပြိုကွဲလာခဲ့ပြီးတော့… ၀င်္ကပါကို တည်ဆောက်ထားတဲ့ အစစ်အမှန် အင်မော်တယ်တွေ အင်ပါရီယာ နတ်ဘုရားတွေ ပေါ်ထွက်လာခဲ့ပါပြီ…. အလွန်တုန်လှုပ် ချောက်ချားနေတဲ့ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေအားလုံးဟာ ရာဟူးနင်နဲ့ ဝေးရာကို ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။

၀ှစ်

ဓားအလင်းတွေ ဖြာထွက်လာခဲ့သလို.. လေဝဲကတော့ရဲ့ အင်အားကြောင့် ပြောင်းလဲဖြစ်ပေါ်လာခဲ့တဲ့ စကြ၀ဠာတွင်းနက်ကြီးတွေဟာ ထွက်ပြေးဖို့ ကြိုးစားနေကြတဲ့ အင်ပါ၇ီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေအားလုံးကို ဝါးမျိုသွားခဲ့ပါပြီ…

ဒီသိုင်းကွက်ကတော့ ခုခံကာကွယ်ဖို့အတွက် တီထွင်ထားတာပါ.. ဒါပေမဲ့ နင်က ရန်သူအားလုံးထက် အပြန်အသတ်ကို အစွမ်းထက်နေခဲ့ပြီလေ… အင်အား ကွာခြားချက်က အရမ်းကို ကြီးမားလွန်းတာကြောင့်… မာကျောသော နှလုံးသား ဓားသိုင်းရဲ့ အင်အားဟာ ရန်သူတွေကို ချေမှုန်းလိုက်ဖို့ လုံလောက်နေခဲ့ပါပြီ… ဒါကြောင့် ခုခံကာကွယ်တဲ့ သိုင်းကွက်ဟာ လူသတ်သိုင်းကွက် အဖြစ်ပြောင်းလဲသွားခဲ့ပြီလေ။ ဒါက အရမ်းကို ကြောက်စရာကောင်းလွန်းလှတဲ့ လူသတ်သိုင်းကွက်ပါ… ဒီအင်ပါ၇ီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေ အားလုံးက နင်နဲ့ ယှဉ်လိုက်မယ်ဆိုရင်.. အရမ်းကို အားနည်းနေပါသေးတယ်။ ဒါကြောင့်.. အားလုံးပဲ စုပ်ယူခြင်းခံလိုက်ရပြီး ပြာမှုန်အဖြစ် လွင့်ပြယ်ပျောက်ကွယ်သွားခဲ့ကြတာပါ..

“မဖြစ်နိုင်ဘူး…”

“ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်လာရတာလဲ…”

“ဘာဖြစ်လို့ သူက ဒီလောက်တောင် အစွမ်းထက်ရတာလဲ…”
အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေ အားလုံးပဲ မျှော်လင့်ချက်မဲ့ခြင်းရဲ့ ချည်နှောင်ခြင်းကို ခံလိုက်ကြရပါပြီ…. သူတို့အားလုံး အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ကြောက်မက်ဖွယ် ကောင်းလွန်းလှတဲ့ စကြ၀ဠာ ကျင်းနက်ကြီးဆီကနေ လွတ်မြောက်အောင် မရုန်းထွက်နိုင်ခဲ့ကြပါဘူး…. သူတို့အားလုံး အထဲကို စုပ်ယူခြင်း ခံလိုက်ကြရပါပြီ… အားလုံးပဲ သေဆုံးသွားခဲ့ကြပြီလေ။

ဂျိနင် Book 31 - Where stories live. Discover now