Chp 624 ( လအောက်ရေကန် ကမ္ဘာ)

43 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 624 (လအောက်ရေကန်ကမ္ဘာ)

အကျဥ်းထောင် ကမ္ဘာ ၁၇

၀ှစ် ဝှစ် ဝှစ်

၀တ်စုံဖြူ၀တ် လူရိပ်တွေဟာ တစ်ခုပြီးတစ်ခု အကျဉ်းထောင်ကမ္ဘာထဲ ၀င်ရောက်လာခဲ့ပြီလေ။ ၀တ်စုံဖြူ၀တ် လူငယ်လေး ဆယ့်ခြောက်ဦး လေထဲမှာ တန့်ရပ်နေလို့ပါ။ အခုဆို နင်ရဲ့ ကိုယ်ပွား ဆယ့်ရှစ်ခုလုံး အကျဉ်းထောင် ကမ္ဘာထဲ ရှိနေခဲ့ပါပြီ။

“လအောက်ရေကန်ထဲကို မ၀င်သွားခင်မှာ.. ငါသေချာ ပြင်ဆင်သွားရမယ်။”
ကိုယ်ပွား ဆယ့်ခြောက်ခုထဲက ဆယ့်ငါးခု ပျောက်ကွယ်သွားခဲ့ပါပြီ။ ဦးချိုကိုးချောင်း မိုးကြိုးမြွေနဂါးနဲ့ တစ်ဦးသာ ကျန်ရစ်ခဲ့ပါတော့တယ်။

၀ှစ်

ကောင်းကင်ထက်မှာ မိုးကြိုးမြွေနဂါးနက်ကြီး တစ်ကောင် ပျံသန်းလို့ နေခဲ့ပါပြီ။

အက်ကြောင်းမဲ့ဂိတ်နဲ့ တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့တာကြောင့် နင်လည်း ရတနာတွေအများကြီး ရရှိခဲ့တယ်ဆိုပေမဲ့…. အကျဉ်းထောင် ကမ္ဘာကနေ သူရရှိခဲ့တာလောက်တော့ မများလှသေးပါဘူး။ အကျဉ်းထောင် ကမ္ဘာထဲက အင်ပါရီယာ နတ်ဘုရားတွေ ကောင်းကင်အင်မော်တယ်တွေက ပိုရှားပါးပြီး ပိုပြီးအဖိုးတန်တဲ့ ရတနာတွေ သယ်ဆောင်ထားခဲ့ကြတယ်လေ။ ပြီးတော့ အားလုံးရဲ့ နောက်ခံသမိုင်းကြောင်းကလည်း သေးသေးကွေးကွေး မဟုတ်ခဲ့ကြပါဘူး။ အစစ်အမှန် အင်မော်တယ်တွေ အစစ်အမှန် နတ်ဘုရားတွေက လောကသုံးပါးရဲ့ တာအိုဖခင်ကြီးတွေ အဆင့်မှာ ဖြစ်နေပြီဖြစ်လို့ သူတို့ရဲ့ ရတနာတွေက ပိုပြီးတော့တောင် အံ့မခန်း အဖိုးတန်နေပါသေးတယ်။

“လအောက်ရေကန်က အရမ်းကို ဆန်းကြယ်တဲ့နယ်မြေတစ်ခု….  ဒီနေ့အထိကို ဗုဒ္ဓဂျူမင်းတစ်ဦးပဲ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့သေးတယ်။ ငါ့ရဲ့ ကိုယ်ပွားဟာလည်း အထဲမှာ သေဆုံးသွားနိုင်တယ်။ ဒါကြောင့် ငါ့အနေနဲ့ ကောင်းတဲ့ရတနာတွေကို ယူဆောင်သွားရမှာဖြစ်ပေမဲ့လည်း အကောင်းဆုံး ၇တနာတွေကိုတော့ လအောက်ရေကန်ထဲ မယူဆောင်သွားသင့်ဘူး။”

ဂျိနင် Book 31 - حيث تعيش القصص. اكتشف الآن