Chp 704 ( ပူးပေါင်းမိခြင်း)

46 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 704 (ပူးပေါင်းမိခြင်း)

“ကွာဖူတို့နဲ့ သူပူပေါင်းမိတော့မယ်လား…”
ဂြိုဟ်သားကျူးကျော်သူကြီးဟာ ပလ္လင်လက်ရန်းထက်မှာ လက်တင်ပြီးတော့ လက်ချောင်းနဲ့ခေါက်နေခဲ့ပါတယ်။ ကောင်းကင်အင်မော်တယ် အမှောင်ကောင်းကင်ဘုံကို သူကြည့်လိုက်ပြီးတော့
“အမှောင်ကောင်းကင်ဘုံ.. ဂျိနင်ဟာ လောကသုံးပါးရဲ့ ပြိုင်ဘက်ကင်း ဓားတန်ခိုးရှင် ဖြစ်နေပြီ… ဓားသိုင်းနဲ့တစ်ခုတည်းနဲ့တင်ကို ငါ့ရဲ့ တပည့်တွေ သူ့အနားကပ်လို့ မရနိုင်တော့ဘူး… သူတစ်ဦးတည်းလာနေတာတောင်မှ ရင်ဆိုင်ဖို့မလွယ်တော့ဘူး… ကွာဖူအဖွဲ့နဲ့သာ သူပူးပေါင်းမိသွားရင်.. ငါ လည်း ဘာမှတတ်နိုင်တော့မှာ မဟုတ်ဘူး… ဒါကြောင့် မင်းတို့ အက်ကြောင်းမဲ့ဂိတ်က သူ့ကို တားဆီးချင်တယ်ဆို မြန်မြန် ဆောင်ရွက်ကြဖို့ပဲ ငါအကြံပေးချင်တယ်။”

အမှောင်ကောင်းကင်ဘုံလည်း မြန်မြန်ပြောလိုက်ပါတယ်။
“နတ်မိစ္ဆာနဲ့ ကျွန်တော်တို့ အက်ကြောင်းမဲ့ဂိတ် ဗျူဟာဆွဲထားခဲ့တာကတော့ ကျွန်တော်တို့က ကမ္ဘာဦး အပျက်အစီး ကမ္ဘာရဲ့ ပြင်းထန်လှတဲ့ ပတ်၀န်းကျင် အခြေအနေကို အသုံးချပြီးတော့ လောကသုံးပါးရဲ့ တာအိုဖခင်ကြီးတွေ အစစ်အမှန် နတ်ဘုရားတွေကို သတ်နိုင်သမျှ များများ သတ်ဖို့ပဲလေ… အခုက အက်ကြောင်းမဲ့ဂိတ် ပါ၀င်တိုက်ခိုက်ဖို့ အချိန်မတန်သေးဘူး…. ကျွန်တော်တို့ ၀င်ရောက်တိုက်ခိုက်လိုက်တာနဲ့ အဆုံးသတ်စစ်ပွဲက ချက်ချင်းကို စတင်လာမှာ…”

“ဟမ်… ဒါဆို ငါတို့မှာ ဘာနည်းလမ်းမှ မရှိတော့ဘူးပေါ့…”
ဂြိုဟ်သားကျူးကျော်သူကြီးလည်း တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတော့တယ်။

….

လောကသုံးပါထဲက.. မိစ္ဆာခပ်သိမ်းကမ္ဘာကြီးရဲ့ နန်းတော်ကြီး

မိစ္ဆာခပ်သိမ်းသခင်ကြီး၊ အကြီးအကဲ ထာ၀ရ သစ်သား၊ တာအိုမိခင်ကြီး မိစ္ဆာလက် နဲ့ နတ်ဘုရားဘုရင် အပါအ၀င် အစစ်အမှန် နတ်ဘုရား နဲ့ တာအိုဖခင်ကြီး ဆယ့်ခြောက်ဦး ဒီနေရာမှာရှိနေခဲ့ပါပြီ… တချို့ကတော့ ကိုယ်ပွားလေးတွေသာ စေလွှတ်လိုက်တာဖြစ်ပြီး တစ်ချို့ကတော့ မူလခန္ဓာနဲ့ လာရောက်ခဲ့ကြပါတယ်။ ဒီမှာ ရှိနေတဲ့ အားအနည်းဆုံး အဆင့်ဟာ လက်ရွေးစင် တာအိုဖခင်ကြီး အဆင့်မှာပါ…

ဂျိနင် Book 31 - Onde histórias criam vida. Descubra agora