Chp 712 ( စစ်ကူ)

41 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 712 (စစ်ကူ)

ကလန်အားလုံး နန်းတော်မှာတော့ အုတ်အော်သောင်းနင်း ဖြစ်နေခဲ့ပါပြီ…

“ငါတို့ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ရွှေရောင်ချပ်၀တ်တန်ဆာ၀တ် ကျူးကျော်သူ သုံးဦးက ဖူရှီတို့ကို တားဆီးထားနိုင်ခဲ့တယ်လား..”
တာအိုဖခင်ကြီး ရွှီးဖူတိ မျက်မှောင်ကြုတ်နေလို့ပါ…
“ဒီလောက် အစွမ်းထက်လှတဲ့ ရန်သူတွေ ဘယ်ကနေ ဘယ်လို ရောက်လာခဲ့တာလဲ..”

ဖူရှီက လူသားဧကရာဇ် ဖြစ်ပြီးတော့ တာအိုဖခင်ကြီးနဲ့ အစစ်အမှန် နတ်ဘုရား သုံးဦးဟာ သူ့အဖွဲ့မှာ ပါ၀င်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂြိုဟ်သားကျူးကျော်သူတွေကြောင့် သူတို့ မလှုပ်သာအောင် ဖြစ်နေခဲ့ပြီလေ…

“ဒီလောက် အစွမ်းထက်လှတဲ့ လူတွေက မသိနိုင်တဲ့ လူတွေတော့ မဖြစ်နိုင်ဘူး..”
သက္ကဂ္ဂထာလည်း ရယ်မောလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ်။
“မလောကြနဲ့… ငါ့ရဲ့ မူခန္ဓာကိုယ်ကိုလည်း လူတွေအများကြီးက ဝိုင်း၀န်းတိုက်ခိုက်နေကြတယ်။ ဒီဂြိုဟ်သားကျူးကျော်သူတွေက အစွမ်းထက်ကြပေမဲ့လည်း ငါ့ကို ဘာမှ မလုပ်နိုင်ကြသေးပါဘူး..”

“အမှန်ပဲ..”
တာအိုတန်ခိုးရှင် သန့်စင်ခြင်း သုံးပါးလည်း ခေါင်းညိတ်လိုက်ပြီး
“အဲဒီမှာ ပိတ်မိနေတာ မင်းဖြစ်နေလို့လည်း ငါနည်းနည်း စိတ်သက်သာရာ ရခဲ့တာ…”

“ဟင်…”
သက္ကဂ္ဂထာ မျက်နှာ ရုတ်တရက် ပျက်သွားခဲ့ပါပြီ…

“ဘာဖြစ်လို့လဲ…”
ခန်းမထဲမှာ ရှိနေတဲ့ မဟာပုဂ္ဂိုလ်ကြီး အားလုံးပဲ သက္ကဂ္ဂထာကို ဝိုင်းကြည့်လိုက်ကြပါတယ်။

“ငါ့ရဲ့ မဟာနေခန္ဓာကိုယ် ဒဏ်ရာ ရသွားခဲ့ပြီ..”
သက္ကဂ္ဂထာ အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ်။ သူ့ရဲ့ မျက်နှာမှာ အပြုံးမရှိတော့ပါဘူး… သူ့ရဲ့ မျက်နှာအမူအရာဟာ နက်ရှိုင်းလှတဲ့ ပင်လယ်ရေပြင်အလား ခန့်မှန်းရ ခက်နေခဲ့ပါပြီ…
“ကမ္ဘာဦး အပျက်အစီး ကမ္ဘာထဲက အခြေအနေတွေဟာ ငါတို့ထင်ထားသလောက် ရိုးရှင်းမှု မရှိဘူးလို့ အစောကြီးကတည်းက ငါအာရုံခံမိခဲ့တယ်။ အခု ငါ့ကို ဒဏ်ရာ ရစေခဲ့တဲ့ လက်တစ်ဖက်နဲ့ ရွှေရောင်ချပ်၀တ်တန်ဆာ၀တ်ထားတဲ့ လူက အားနည်းတဲ့လူ မဟုတ်ဘူး …”

ဂျိနင် Book 31 - Where stories live. Discover now