Chp 645 ( ဓားလမ်း)

41 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 645 (ဓားလမ်း)

“ဒီ ဓားလမ်းရဲ့ အစောင့်အရှောက်က ဘယ်လောက်တောင် အစွမ်းထက်သလဲ ခင်ဗျ… အထူးသတိထားစရာများ ရှိလားမသိ…”
နင်လည်းမေးကြည့်လိုက်ပါတယ်။

ဒါကလည်း နောက်ဆုံး စမ်းသပ်စစ်ဆေးမှုပါ…  ဒီအစောင့်အရှောက်ဟာ အလွန်ကို ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်မယ်ဆိုတာကိုတော့ နင်နားလည်ပါတယ်။

အင်ပါရီယာ နတ်ဘုရားစင်းကော မီဖန်းပါ တစ်ဦးကို တစ်ဦး ကြည့့်လိုက်ကြပါတယ်။ သူတို့နှစ်ဦးလုံး အားရပါးရ ရယ်မောလိုက်ကြပြီးတော့ စင်းက နင်ကို ကြည့်ပြီးပြောလိုက်ပါတော့တယ်။
“ဓားလမ်းမှာ ညီလေး ရင်ဆိုင်ရမဲ့ ရန်သူကတော့ ညီလေးကိုယ်တိုင်ပဲ…”

“ကျွန်တော်ကိုယ်တိုင်…”
နင် ဘာမှကိုနားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။

“အမှန်ပဲ…”
စင်းရှင်းပြလိုက်ပါတယ်။
“ဓားလမ်းကို ညီလေး စတင်ကျော်ဖြတ်တော့မယ်ဆိုရင်.. ညီလေးနဲ့ နတ်ဘုရားခန္ဓာကိုယ်ကော နတ်ဘုရားသိုင်းပညာ အင်မော်တယ် စွမ်းအင် အရာအားလုံး တထပ်တည်း ကျနေတဲ့ ရန်သူ ထွက်ပေါ်လာလိမ့်မယ်။ ပြောရရင်.. ညီလေးက ဓားသိုင်းကို အသုံးပြုမယ်ဆိုရင်.. သူကလည်း ဓားသိုင်းကို အသုံးပြုလိမ့်မယ်။ ကွာခြားချက်တစ်ခုကတောသ့.. သူ့ဓားသိုင်းက လအောက်ရေကန်ရဲ့ ဓားသိုင်းဖြစ်နေမှာလေး တစ်ခုပဲ…”

နင်တုန်လှုပ်သွားပါတော့တယ်။ သူရဲ့ အကြီးမားဆုံးသော အားသာချက်က ဒုတိယတန်းစားအဆင့် ရောက်နေပြီဖြစ်တဲ့ သန့်စင်သောယန် ဂျိဒန်လေ။ ဒါပေမဲ့လည်း ဓားလမ်းမှာတော့.. ဒီဟာက အားသာချက် မဟုတ်တော့ပါဘူး။

“ဓားလမ်းမှာ.. ညီလေးက သိုင်းပညာကိုပဲ အသုံးပြုရလိမ့်မယ်။”
မီဖန်းလည်း သက်ပြင်းချပြီး ရှင်းပြလိုက်ပါတယ်။
“အစ်ကိုကြီးကတော့ လှံသိုင်းပညာကို အသုံးပြုရသလို ညီလေးကလည်း ဓားသိုင်းပညာကို အသုံးပြုရလိမ့်မယ်။ ညီလေးရဲ့ ဓားသိုင်းဟာ လုံလောက်အောင် လေးနက် နက်ရှိုင်းမှု ရှိနေရင်တော့ ရန်သူကို အနိုင်ယူနိုင်လိမ့်မယ်။ ပြီးတော့.. ဓားလမ်းမှာ ရန်သူ ဆယ်ဦးထွက်ပေါ်လာမှာ… အားလုံးကလည်း ညီလေးရဲ့ နတ်ဘုရားခန္ဓာကိုယ် နတ်ဘုရား သိုင်းပညာ ကို ပိုင်ဆိုင်ထားကြလိမ့်မယ်။ သူတို့ အသုံးပြုတဲ့ ဓားသိုင်းပဲ ကွာခြားမှာ… နောက်ပိုင်း အစောင့်အရှောက်တွေရဲ့ ဓားသိုင်းကလည်း ပိုပိုပြီးတော့ ဆန်းကြယ်လေးနက်လာလိမ့်မယ်။”

ဂျိနင် Book 31 - Hikayelerin yaşadığı yer. Şimdi keşfedin