Chp 691 ( နည်းလမ်းနှစ်သွယ်)

43 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 34
Chapter 691 (နည်းလမ်း နှစ်သွယ်)

ဓားတွေမှာ နင့်ရဲ့ တာအိုဖခင်ကြီးအဆင့် စွမ်းအင်တွေ ပြည့်နေလို့… ဒါကြောင့်လည်း ဓားတိုင်းကနေ အံ့မခန်းအော်ရာအရှိန်အဝါနဲ့ မျက်စိကျိန်းစပ်စေတဲ့ ရောင်စဉ်တွေ ဖြာထွက်နေခဲ့ပါတယ်။ ဒီမြင်ကွင်းကြောင့် အစစ်အမှန် နတ်ဘုရား ရှီယုရဲ့ မျက်နှာဟာ ပိုပြီးတော့ တည်ကြည်လေးနက်လာခဲ့ပါပြီ…
“ကြည့်ရတာ ဒီ ကြီးကြပ်သူရဲ့ ကီကျင့်စဉ်တွေက သူ့ရဲ့ အနီးကပ်တိုက်ခိုက်မှုတွေထက် ပိုပြီး အစွမ်းထက်နေပုံပဲ…”

“သွားစမ်း..”

လေထဲက ဂျိနင်ဟာ လက်ကိုဝှေ့ယမ်းလိုက်ပါတယ်။

ရွှစ် ရွှစ် ရွှစ်

ကောင်းကင်ဘုံရဲ့ ဓားတွေဟာ ချက်ချင်းပဲ အလင်းတန်းအသွင်နဲ့ အစစ်အမှန် နတ်ဘုရားကြီး ရှီယုဆီကို အရပ်မျက်နှာအနှံံ့ကနေ တိုက်ခိုက်လာခဲ့ပါပြီ.. သူတို့တွေက ဒီလောက်တော့ မြန်ဆန်ခြင်း မရှိခဲ့ပါဘူး.. မိုးကောင်းကင်တာအိုရဲ့ ကန့်သတ်ခြင်းကိုလည်း မကျော်လွန်ခဲ့ဘူးလေ။ သူတို့ အမြန်နှုန်းဟာ အစစ်အမှန် နတ်ဘုရား ရှီယု ရင်ဆိုင်နိုင်တဲ့ အမြန်နှုန်းပါ… ဒါပေမဲ့လည်း ၃၆ ခုကောင်းကင်ဘုံရဲ့ ဓားတွေဟာ အစစ်အမှန် နတ်ဘုရား ရှီယုအနီးကို ရောက်ရှိလာတာနဲ့ ချက်ချင်းပဲ မိုးကောင်းကင်တာအိုရဲ့ ကန့်သတ်ခြင်းကို ကျော်လွန်တဲ့ အမြန်နှုန်းကို ရောက်ရှိသွားခဲ့ပါပြီ… ဓားတိုင်းဟာလည်း အလွန်ကို ဆန်းကြယ်စွာ လှုပ်ရှားနေခဲ့တယ်.. ဒါကတော့ ပင်းယွဲ့ ဓားသိုင်းရဲ့ အရိပ်မဲ့ဓားကွက်အတိုင်း လှုပ်ရှားနေခဲ့ကြတာပါ…

ပင်းယွဲ့ ဓားသိုင်းမှာ ဓားကွက် စုစုပေါင်း ငါးကွက်ကို နင်တီထွင်ထားခဲ့တယ်လေ။ တစ်ခုဆီမှာလည်း ကိုယ်ပိုင် စိတ်ဆန္ဒပါ၀င်ခဲ့ပါတယ်။ ဒါကို နင်အဆုံးစွန်အထိ တီထွင်ထားခဲ့တာလေ။ နင့်အနေနဲ့ ပိုပြီး အစွမ်းထက်လာလေလေ ဒီဓားသိုင်းတွေဟာလည်း ပိုပြီး ပြီးပြည့်စုံလာလေလေပါ…

ရွှစ် ရွှစ် ရအစ်

ခေါင်းသုံးလုံ လက်ခြောက်ဖက်နဲ့ အစစ်အမှန် နတ်ဘုရား ရှီယုဟာ သူ့ရဲ့ လက်ထဲက ပုဆိန်ခြောက်ခုနဲ့ အလင်းတန်းတွေ ဖြစ်ပေါ်လာအောင် ဝှေ့ယမ်းလိုက်ပါတော့တယ်။ တိုက်ခိုက်မှု အားလုံးကို ကာကွယ်ပေးနိုင်စွမ်း ရှိတဲ့ အလွန်ကိုကြီးမားလှတဲ့ ထိုက်ကျိအင်းကွက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ…

ဂျိနင် Book 31 - Unde poveștirile trăiesc. Descoperă acum