Chp 717 ( ရွှေရုပ်ထု)

55 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 717 (ရွှေရုပ်ထု)

ဆေဘာဓားချက်ကြောင့် အဖြူအရာလေး တစ်ခုပဲ ဂျိနင်ရဲ့ ရင်၀မှ ထင်ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီဓားချက်မှာ ပါ၀င်တဲ့ အင်အားက ကြီးမားလွန်းတယ်လေ။ ဒါကြောင့် နင်အနောက်ကို ဆုတ်လိုက်ရပါတယ်။ ဒါပေမဲ့ နင်ဟာ ၀င်္ကပါရဲ့အပေါက်ကို လှမ်းကိုင်ထားခဲ့တာကြောင့် ၀င်္ကပါအပေါ်ကို ဒီအင်အားတွေ ကျရောက်သွားခဲ့တယ်လေ…

ဗျိ

၀င်္ကပါရဲ့ စုတ်ပြဲနေတဲ့အပေါက်ကြီးဟာပိုပြီး ကြီးမားလာခဲ့ပါပြီ…

“ဘယ်လို.. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
လက်တစ်ဖက်နဲ့ လူကြီး အရမ်းကို အံ့အားသင့်သွားခဲ့ပါတယ်။
“သူက ကျင့်ကြံအားထုတ်တာ နှစ်ပေါင်းတစ်ထောင်တောင် မပြည့်သေးဘူးဆို… အခုလတ်တလောမှ အစစ်အမှန် နတ်ဘုရား ဖြစ်လာတာ မဟုတ်ဘူးလား… ဘယ်လိုဖြစ်ပြီး သူ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်က ထိပ်တန်းအဆင့် မူလကြယ်တာရာ ဝိညာဉ်မှော်ရတနာလောက် မာကျောနေရတာလဲ…”

ထိပ်တန်းအဆင့် မူလကြယ်တာရာ ဝိညာဉ်မှော်ရတနာလောက် မာကျောတဲ့ ခန္ဓာကိုယ်… ၈၉ ပါးလျှို့ဝှက်နတ်သိုင်းရဲ့ န၀မမြောက် စက်ဝိုင်းနဲ့ ဒီလောက်အထိ မာကျောနေစရာ အကြောင်းကို မရှိတာပါ…

လောကသုံးပါး တစ်ခွင်မှာ ဒါကို စွမ်းဆောင်နိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ကတော့ ဗုဒ္ဓအရှင် သက္ကဂ္ဂထာပါ… သက္ကဂ္ဂထာရဲ့ ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ဟာ ထိပ်တန်းအဆင့် မူလကြယ်တာရာ ဝိညာဉ်မှော်ရတနာလို မာကျောနေခဲ့ပါပြီ.. ဒါကြောင့်လည်း ဆေဘာနဲ့ နတ်မိစ္ဆာတို့ရဲ့ တိုက်ခိုက်မှုတွေက ခန္ဓာကိုယ်ပေါ် ကျဆင်းလာခဲ့ပေမဲ့လည်း သူ့ကို ထိခိုက်ဒဏ်ရာမရစေခဲ့တာပါ… ဒီအတွက်ကြောင့် သူ့ကို ဖိအားပေး တားဆီးထားဖို့ပဲ စီစဉ်ထားခဲ့ကြတယ်လေ။

အခုတော့ ဂျိနင်ရဲ့ နတ်ဘုရားခန္ဓာကိုယ်ဟာလည်း အလားတူ ဖြစ်သွားခဲ့ပါပြီ…

“သူက ဒီဇာတိက ဂြိုဟ်သားပဲလေ… ဒါကို.. သူက.. သူက…”
လက်တစ်ဖက်နဲ့ လူကြီးရဲ့ နှလုံးသားဟာ ချောက်ချားတုန်လှုပ်စွာ ဟစ်အော်လာခဲ့ပါပြီ…

ဂျိနင် Book 31 - Where stories live. Discover now