Chp 679 ( ဂျိနင်ကိုသတ်ပြီ)

40 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 679 (ဂျိနင်ကိုသတ်ပြီ)

အဝေးက မိစ္ဆာခပ်သိမ်း ကမ္ဘာကြီး…

“အစီအစဉ်အတိုင်းပဲ ဆောင်ရွက်ပါ….”
မိစ္ဆာခပ်သိမ်း သခင်ကြီးဟာ တောင်ထိပ်ထက်ကနေ အဆုံးမဲ့ စကြ၀ဠာကို ကြည့်လို့နေခဲ့ပါတယ်။ သူ့ရဲ့ အသံဟာ စကြ၀ဠာကို ဖြတ်ကျော်သွားပြီးတော့ ကမ္ဘာအနှံ့မှာ ရှိလို့နေတဲ့ မဟာပုဂ္ဂိုလ်ကြီးတွေ နားထဲ ၀င်ရောက်သွားခဲ့ပါပြီ…
“ဒီဂျိနင်ကို သတ်ပြီးတော့ တမန်တေ်ာကို ပြန်ယူလာခဲ့ရမဲ့ စစ်ဆင်ရေးမှာ.. ငါတို့ မြန်ခဲ့မယ်ဆိုရင်… လွယ်လွယ်ကူကူ အောင်မြင်လိမ့်မယ်။ ဒါပေမဲ့လည်း ဒီအတွက်ကြောင့်… အဆုံးသတ်စစ်ပွဲဟာလည်း ဖြစ်လာနိုင်တယ်။ အားလုံးပဲ ပြင်ဆင်ထားကြပါ…”

“ဟုတ်ကဲ့ပါ မိစ္ဆာသခင်ကြီး…”

“စိတ်မပူပါနဲ့ လေမိစ္ဆာ…”

“ငါတို့အားလုံး ပြင်ထားပြီးပါပြီ…”

အက်ကြောင်းမဲ့ဂိတ်ရဲ့ ဆယ်ဦးကျော်တဲ့ အစွမ်းအထက်ဆုံးသော ပုဂ္ဂိုလ်ကြီးတွေဟာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျော်ဖြတ်ပြီးနောက် အခုရောက်ရှိလာမဲ့ ညအချိန်အဟာ အရေးအကြီးဆုံးသော အချိန်ဆိုတာကို နားလည်သဘောပေါက်ခဲ့ကြပါတယ်။ ဒီညမှာပဲ… မဟာမိတ်နှစ်ဖွဲ့စလုံးရဲ့ မဟာပုဂ္ဂိုလ်ကြီးတွေ ရင်ဆိုင်တိုက်ခိုက်ကြပြီးတော့.. အဆုံးသတ်စစ်ပွဲကို ဖြစ်ပွားကောင်း ဖြစ်ပွားလာစေလိမ့်မယ်လေ။ နောက်ဆုံးအကြိမ်က အဆုံးသတ်စစ်ပွဲမှာ ပျက်စီးခြင်းကမ္ဘာကြီး နှစ်ခုလုံးပဲ ပျက်စီးသွားခဲ့ရပါတယ်။ ဒီလို စစ်ပွဲတွေဟာ ဘယ်လောက်တောင် ကြောက်စရာကောင်းတယ်ဆိုတာကို မဟာပုဂ္ဂိုလ်ကြီးတွေ နားလည်ပြီးသားပါ…

….

“ဒါဆို ငါတို့တွေ တိုက်ခိုက်ကြတော့မှာပေါ့…”
ကျော်စိမ်းခုတင်အထက်မှာ ကြာပန်းသဏ္ဌာန် ထိုင်လို့နေတဲ့ ခရမ်းရောင်၀တ်စုံ၀တ် အမျိုးသမီးလေးက ပြောလာခဲ့ပါတယ်။ သူမရဲ့ လက်တွေဟာ ကြည်လင် တောက်ပနေလို့… သူမရဲ့ မျက်လုံးထဲမှာတော့ စိတ်စောမှုကို မြင်တွေ့နေရပါတယ်။

အက်ကြောင်းမဲ့ဂိတ်ရဲ့ မဟာပုဂ္ဂိုလ်ကြီးတွေထဲမှာ .. သူမဟာ စစ်ပွဲတွေကို အနှစ်သက်ဆုံးသော တစ်ဦးပါ….

ဂျိနင် Book 31 - Where stories live. Discover now