Chp 718 ( နတ်မိစ္ဆာသွေ့ခြောက်ဆူးကို ရင်ဆိုင်ခြင်း)

47 1 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 718 (နတ်မိစ္ဆာသွေ့ခြောက်ဆူးကို ရင်ဆိုင်ခြင်း)

“နွီဝါးကြောင့်ပဲလား… ဒီကျင့်စဉ်တွေက သူမချန်ထားပေးခဲ့တာလား…”
နတ်မိစ္ဆာသွေ့ခြောက်ဆူးလည်း တိုးတိုးလေး ရေရွတ်လို့နေမိခဲ့ပါတယ်။
“အခုဆို ဒက်နော့ ထပ်ပြီး ထွက်ပေါ်လာခဲ့ပြီ… ကြည့်ရတာ လောကသုံးပါးကို သိမ်းပိုက်ပြီး ကမ္ဘာ့နှလုံးသားကို ရယူဖို့က ငါထင်ထားတာထက်တောင် ခက်နေခဲ့ပြီပဲ…”

နတ်မိစ္ဆာသွေ့ခြောက်ဆူး လိုချင်နေတဲ့ အရာကတော့ ကမ္ဘာ့နှလုံးသားပါ…

လောကသုံးပါးဟာ ပန်ဂုပျက်စီးခြင်း ကမ္ဘာနဲ့ အက်ကြောင်းမဲ့ပျက်စီးခြင်း ကမ္ဘာတို့ ရင်ဆိုင်တိုက်ခိုက်မိပြီးတော့ ဖြစ်ပေါ်လာခဲ့တာပဲလေ.. ဒါကြောင့် ကမ္ဘာ့နှလုံးသားဟာ ဒီပျက်စီးခြင်း ကမ္ဘာနှစ်ခုရဲ့ ပေါင်းစည်းလို့နေတဲ့ နှလုံးသား ဖြစ်နေခဲ့ပြီး အရမ်းကို အဖိုးတန်လွန်းနေခဲ့ပါပြီ…

“ငါ့လမ်းကို တားသူမှန်သမျှ သေရမယ်…”
နတ်မိစ္ဆာသွေ့ခြောက်ဆူးရဲ့ မျက်လုံးမှာ ရက်စက်မှု အော်ရာအရှိန်အဝါတွေ ဖြာထွက်လာခဲ့ပါပြီ… အတွေးအားလုံးကို သူမေ့ထားလိုက်ပြီလေ…

….

“နည်းနည်းလောက် တောင့်ခံထားပေးဦး…”
ဖူရှီလည်း အသည်းအသန် စိတ်နဲ့ ဆက်သွယ်လာခဲ့ပါတယ်။
“၀င်္ကပါကို ငါဖျက်ဆီးလို့ ရတော့မယ်။”

“ကောင်းပါပြီ…”
မိုးထိအောင် ခန္ဓာကိုယ် ကြီးမားနေပြီ ဖြစ်တဲ့ နင်ဟာလည်း သူ့ရဲ့လက်လေးဖက်နဲ့ ၀င်္ကပါရဲ့အပေါက်ကို ဆက်စုတ်ဖြဲနေခဲ့ပြီး လက်နှစ်ဖက်နဲ့ ဆေဘာရဲ့ ဓားချက်တွေကို ခုခံကာကွယ်နေခဲ့ပါတယ်။

“ဟမ့်…”
ဆေဘာ မျက်မှောင်ကြုတ်နေမိပါပြီ.. နင်ကို သူကိုယ်တိုင် တားဆီးလို့ မရနိုင်တော့ဘူးဆိုတာ နားလည်သွားတာကြောင့်… ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ နင့်ရဲ့ မြင်ကွင်းကနေ သူချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ပါပြီ…

“သူက တစ်ကယ်ပဲ နောက်ဆုတ်သွားတယ်လား..”
ဒီကိစ္စကို နင်ဆက်ပြီး တွေးတော မနေတော့ပါဘူး… သူ့ရဲ့ လက်ကြီးခြောက်ဖက်လုံးကို အသုံးပြုပြီးတော့ မဟာ၀င်္ကပါကြီးကို ဆက်ပြီး စုတ်ဖြဲလိုက်ပါတော့တယ်။

ဂျိနင် Book 31 - Where stories live. Discover now