Chp 626 ( အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အင်ပါရီယာနတ်ဘုရား)

46 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 626 (အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အင်ပါရီယာ နတ်ဘုရား)

“မင်းက အရမ်းကို အားနည်းလွန်းတယ်။ အားနည်းလွန်းသေးတယ်ကွ….”
ရွှေရောင် ယာကရှာကြီးရဲ့ အသံနက်ာကီးဟာ ကောင်းကင်တခွင်  ပဲ့တင်သံထပ်လို့ပါ…. သူကိုယ်တုင်လည်း ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားခဲ့ပြီးတော့ နင်ကို ဆက်တိုက် လိုက်လံတိုက်ခိုက်နေခဲ့ပြီလေ။

၀ုန်း ဝုန်း ဝုန်း

နင်လည်း အနောက်ကို ဆက်တိုက် လွင့်စဉ်သွားခဲ့ပါတယ်။ တခါတရံ ပင်လယ်ထဲကို ပြုတ်ကျသွားခဲ့ပြီး တခါတရံလည်း ခြေလွတ်လက်လွတ်ကို လွင့်စဉ်သွားခဲ့တယ်လေ။ သူအခု တကယ့်ကို အရေးနိမ့်နေခဲ့ပါပြီ။

“မင်းက အရမ်းကို အားနည်းလွန်းပေမဲ့… မင်းရဲ့ခန္ဓာကိုယ်က တေ်ာတော်ကို မာနေပါလား…. ငါ့ရဲ့ ပင်လယ်နတ်ဘုရား ယာကရှာက အရမ်းကို အင်အားပြင်းထန်တယ်။ ဒါပေမဲ့ မင်းက ဒီလို ပြစ်ဒဏ်ချမှတ်မှုကို ခံနိုင်ရည်ရှိနေသေးတယ်။”
ရွှေရောင် ယာကရှာကြီးဟာ အားရပါးရ ရယ်မောပြောဆိုရင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့လို့ပါ…

သူ့စကားတွေကလည်း မှန်တယ်လေ။ သာမန် အင်ပါရီယာ နတ်ဘုရားတစ်ဦးရဲ့ ခန္ဓာကိုယ်သာဆို အစောကြီးကတည်းက ပျက်စီးသွားလောက်ပါပြီ။

နင်ကိုယ်တိုင်ကလည်း ၈၉ ပါး လျှို့ဝှက်နတ်သိုင်းကို မတတ်မြောက်ထားဘူးဆိုရင် အနီးကပ်တိုက်ခိုက်ဖြစ်မှာ မဟုတ်ဘူးလေ။

“သူက အရမ်းကို မြန်ပြီးတော့ အရမ်းကို အစွမ်းထက်နေတယ်။ ဒါပေမဲ့ သူ့ရဲ့ လျင်မြန်မှု့ကတော့ သာမန်လောက်ပဲ.. ပြီးတော့ သိုင်းပညာကလည်း သာမန်လောက်ပဲ..”
တိုက်ပွဲအခြေအနေကို ကြည့်ပြီးတော့ သူ့ရန်သူရဲ့ အားသာချက် အားနည်းချက်တွေကို နင်တွေ့ရှိလာခဲ့ပါပြီ။
“သူနဲ့ တိုက်ခိုက်တာမှာ.. ငါ့အနေနဲ့ ထိပ်တိုက်ရင်တိုင် တိုက်ခိုက်လို့ မရဘူး…. ငါ့ဓားသိုင်းရဲ့ လေးနက်ဆန်းကြယ်မှုတွေကို အသုံးပြုပြီးတော့ သူ့ကို တိုက်ခိုက်ရမယ်။”

၀ှစ်

ပင်လယ်ရေမျက်နှာပြင်ထက်ကို ရုတ်တရက် နင်ပျံတက်လာခဲ့ပါပြီ။ ရွှေရောင်ယာကရှာကြီးကလည်း သူ့နောက်ကလေ မပြတ်လိုက်ပါလာတယ်လေ။

ဂျိနင် Book 31 - Where stories live. Discover now