Chp 658 ( ကောင်းကင်ဘုံရဲ့ ကြေးမုံများ)

46 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 658 (ကောင်းကင်ဘုံရဲ့ကြေးမုံများ)

ရွှေရောင်ကြယ်တာရာ ပုတီးလုံး အားလုံးရဲ့အော်ရာအရှိန်အဝါဟာ အခုဆို ယခင်တုန်းကထက် အများကြီး ပိုပြီး အစွမ်းထက်လာခဲ့ပြီလေ။  သူတို့တွေဟာ အဆင့်မြင့်တိုးတက်သွားကြတဲ့အလား.. အကြောင်းရင်းကလည်း ဒုတိယမြောက် ပျက်စီးခြင်း တံဆိပ်တော်ကို နင်လေ့ကျင့်အောင်မြင်သွားလို့ ဖြစ်ပါလိမ့်မယ်။

“ဘယ်လောက်တောင် ထူးခြားလိုက်လည်း… ဒါက ရတနာငါးပါး ဓားသိုင်းကိုလည်း အထောက်အကူပေးတဲ့အပြင် ပိုပြီးလည်း လေးနက်ဆန်းကြယ် လာခဲ့တယ်လေ။”
ဒုတိယမြောက် ပျက်စီးခြင်း တံဆိပ်တော်ကို နင်အသုံးချအောင်မြင်သွားတဲ့အခါမှာတော့.. ဒီတံဆိပ်တော်ကိုးခုဟာ ဘယ်လောက်တောင် ထူးခြားလဲဆိုတာကို နင်ခံစားမိလာခဲ့ပါပြီ။
“အင်း.. လအောက်ရေကန်ထဲ ဆင်းသွားတဲ့ ငါ့ရဲ့ ကိုယ်ပွားနှစ်ခုကိုသာ ဒီရွှေရောင်ကြယ်တာရာ ပုတီးတစ်လုံးလောက် ပေးလိုက်မယ်ဆိုရင်.. သူတို့တွေလည်း ကျင့်ကြံအားထုတ်နိုင်မှာ… ဒါဆိုရင် သူတို့ရဲ့ ခရီးစဉ်ကိုလည်း အထောက်အပံ့ ပေးနိုင်လိမ့်မယ်ထင်တယ်။”

ပျက်စီးခြင်း တံဆိပ်တော် ကိုးခုကို မှတ်မိဖို့က မဖြစ်နိုင်သလောက်ကို တေ်ာတေ်ာခက်ခဲနေပါတယ်။ တာအိုတန်ခိုးရှင် သန့်စင်ခြင်း သုံးပါးကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ အချိန်ပေးလေ့လာခဲ့တာတောင်မှ တံဆိပ်တော် ခုနစ်ခုအထိပဲ အောင်မြင်ခဲ့သေးတယ်လေ။ ကမ္ဘာ့နတ်ဘုရား မဖြစ်လာခင်တုန်းက မိခင်နွီဝါးဟာလည်း တံဆိပ်တေ်ာ ရှစ်ခုအထိ နားလည်အောင်မြင်ခဲ့ပါတယ်။ နင့်အနေနဲ့လည်း ဘယ်လိုမှ မှတ်မိဖို့ မဖြစ်နိုင်တဲ့အတွက် လေ့လာသုံးသပ်ဖို့ ရွှေရောင်ကြယ်တာရာ ပုတီးလုံးတွေကို အမြဲ ကိုယ်နဲ့မကွာ ယူလာခဲ့ရတာပါ.. လအောက်ရေကန်ထဲကို သူမယူသွားခဲ့ရတဲ့အကြောင်းရင်းကလည်း တကယ်လို့ မတော်တဆ သေဆုံးသွားခဲ့ရင် ပုတီးလုံးတွေ ပျောက်ဆုံးသွားမှာ စိုးရိမ်မိခဲ့လို့ပါ…

ရွှေရောင်ကြယ်တာရာ ပုတီး ၃၆၀၀ မှာ တစ်ခု ဆုံးရှုံးသွားတာနဲ့ အစုံလိုက် မဖြစ်တော့ဘူးလေ။ ဒါဆို ၃၆ဘုံ မိုးကောင်းကင် အဖြစ် ဘယ်လိုမှ ချိတ်ဆက်နိုင်တော့မှာ မဟုတ်ပါဘူး။

ဂျိနင် Book 31 - Donde viven las historias. Descúbrelo ahora