Chp 663 ( ဆင်းသက်လာခြင်း)

43 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 663 (ဆင်းသက်လာခြင်း)

တာအိုမိခင်ကြီး မိစ္ဆာလက်ဟာ နန်းမြို့ရိုးအထက်မှာ ရပ်နေလို့.. နတ်ဘုရားဘုရင်ကတော့ သူမရဲ့ နံဘေးမှာပါ…

သူတို့တွေ ရင်ဘောင်တန်း ရပ်ရင်းနဲ့ အဝေးက စစ်မြေပြင်ကို ကြည့်နေမိပါတယ်။ အက်ကြောင်းမဲ့ဂိတ်ရဲ့ တပ်မဟာတွေဟာ စစ်ထွက်တိုက်ဖို့ စိန်ခေါ်နေကြတာပါ…

“အရာအားလုံး တမန်တော်ကို မင်းယူလာခဲ့ကြောင်း သူတို့ သတိမထားလိုက်ဘူးဆိုတာ သေချာတယ်နော်…”
တာအိုမိခင်ကြီး မိစ္ဆာလက်က မေးမြန်းလိုက်ပါတယ်။

“စိတ်မပူပါနဲ့ ဆရာအဒေါ်….”
အနက်ရောင် ၀တ်စုံ၀တ် နတ်ဘုရားဘုရင်လည်း မြန်မြန် အဖြေပေးလိုက်ပါတယ်။
“ကျွန်တော်ကိုယ်တိုင် အရာအားလုံး တမန်တော်ကို သွားပြီး ယူလာခဲ့တာပါခင်ဗျာ… နွီဝါးမဟာမိတ်တွေ ဘယ်လိုလုပ် သိနိုင်ပါ့မလဲ… ပြီးတော့ အရာအားလုံး တမန်တော်အတွက် အင်ပါရီယာ နတ်ဘုရားတစ်ပါးတည်း လိုအပ်တာလေ။ ကျွန်တော် မိစ္ဆာခပ်သိမ်း ကမ္ဘာမှာ ရှိနေစဉ်တုန်းက အင်ပါရီယာ နတ်ဘုရား သွေးလှိုင်းကို ခေါ်လာခဲ့သေးတယ်။ အဲဒါကလည်း လျှို့ဝှက်ချက်ပါ… အင်ပါရီယာ နတ်ဘုရား သွေးလှိုင်းက အနီးကပ်တိုက်ပွဲတွေမှာ အရမ်းကို အစွမ်းထက်တယ် မဟုတ်လား… သူက ကမ္မကံကောင်းခြင်း နောက်ဆုံးစစ်ပွဲမှာ အရာအားလုံး တမန်တော်ကို ထိန်းချုပ်ဖို့ ရွေးချယ်ထားတဲ့ နံပါတ်တစ် တန်ခိုးရှင်ပဲလေ။ သူကိုယ်တိုင် ထိန်းချုပ်မောင်းနှင်လိုက်မယ်ဆိုရင် တမန်တော်က ပိုပြီးတောင် အစွမ်းထက်လာမှ.. ပြောရရင် လက်ရွေးစင်တာအိုဖခင်ကြီးတွေကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်လောက်အောင် အစွမ်းထက်လာလိမ့်မယ် မဟုတ်လား…”

“သူတို့ရဲ့ ကမ္ဘာဦး ပန်ဂု ၀င်္ကပါက တော်တော်ကို အစွမ်းထက်ပေမဲ့လည်း… အဲဒါက နွီဝါးချန်ရစ်ထားခဲ့တဲ့ မဟာ ၀င်္ကပါ သုံးခုထဲက တစ်ခုလေ။ အဲဒီ၀င်္ကပါ သုံးခုလုံးက အံ့မခန်းကို အစွမ်းထက်တယ်ဆိုပေမဲ့လည်း… ဒါကို အပြည့်အ၀အသုံးပြုနိုင်ဖို့အတွက် တာအိုဖခင်ကြီးက ၀င်္ကရဲ့ ဗဟိုချက်မအဖြစ် လှုပ်၇ှားရမှာလေ။ သူတို့တွေက ရတနာငါးပါး ဓားသိုင်းကို အောင်မြင်ထားတဲ့ အစစ်အမှန် အင်မော်တယ် ဂျိမင်းကို ၀င်္ကပါရဲ့ ဗဟိုချက်မအဖြစ် တာ၀န်ပေးထားတာကြောင့်.. ၀င်္ကပါရဲ့ အရွယ်အစားနဲ့ အစွမ်းဟာ တေ်ာတော်ကြီးကို လျော့ပါးသွားလောက်ပြီ… သူတို့က လက်ရွေးစင်တာအိုဖခင်ကြီး တစ်ဦးရဲ့ အစွမ်းကို ရောက်တယ်ဆိုရုံလောက်ပဲ အစွမ်းထက်တော့မှာ… ဒါကြောင့် ကျွန်တော်တို့ တမန်တေ်ာနဲ့ ယှဉ်လိုက်မယ်ဆိုရင်.. သိသိသာသာကို ကွာခြားသွားပြီလေ။”

ဂျိနင် Book 31 - Where stories live. Discover now