Chp 644 ( ဖျက်ဆီးခြင်း)

37 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 644 (ဖျက်ဆီးခြင်း)

ဂျိနင်က အင်ပါရီယာ နတ်ဘုရား မဟာအိပ်မက်ကို သတ်ဖို့အတွက် ရောက်လာခဲ့တာဖြစ်ပေမဲ့လည်း အင်ပါရီယာ နတ်ဘုရားစင်းနဲ့ မီဖန်းတို့ ပြောလိုက်စကားအားလုံးကိုတော့ အပြည့်အ၀ ယုံကြည်မှု မရှိခဲ့ပါဘူး။ လအောက်ရေကန်ကို မ၀င်လာခင်တုန်းက သူဖတ်ခဲ့တဲ့ မှတ်တမ်းအရ ဒီနှစ်ဦးဟာ လ်ိမ်ညာပြောတတ်တဲ့ လူယုတ်မာတွေတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း လအောက်ရေကန်က လူတွေရဲ့ စိတ်သဘောထားကို ပြောင်းလဲနိုင်တဲ့ အစွမ်း ရှိခဲ့တယ်လေ။ ပြီးတော့လည်း နင်က အက်ကြောင်းမဲ့ဂိတ်ရဲ့ အင်ပါရီယာ နတ်ဘုရားကြီး ဇန်ဘူတို့နဲ့လည်း တော်တော်ရင်းနှီးခဲ့တယ်လေ။ ဒါကြောင့်လည်း အက်ကြောင်းမဲ့ဂိတ်ရဲ့ အင်ပါရီယာ နတ်ဘုရားတွေကို ချက်ချင်းပဲ အရေးမယူလိုခဲ့တာပါ…

ဒါကြောင့်လည်း မဟာအိပ်မက်ကို အလစ်အငိုက်ဖမ်း လုပ်ကြံတိုက်ခိုက်ခွင့် သူပေးခဲ့ပါတယ်။

မဟာအိပ်မက်က ဘယ်လိုလူစားလဲ ဆိုတာကို မျက်စိနဲ့ တပ်အပ်မြင်ချင်ခဲ့တယ်လေ။ သာမန် အင်ပါရီယာ နတ်ဘုရားတွေက တခြားလူတွေကို လျှို့ဝှက်တိုက်ခိုက်ခွင့်ပေးလိမ့်မယ် မဟုတ်ပါဘူး.. ဒါပေမဲ့လည်း နင်က ၈၉ ပါးလျှို့ဝှက်နတ်သိုင်းကို လေ့ကျင့်ထားတယ်လေ။ မဟာအိပ်မက်ကို သူကြောက်စရာ မလိုအပ်ခဲ့ပါဘူး။

နောက်ဆုံးတော့လည်း.. မဟာအိပ်မက်ဟာ လုပ်ကြံတိုက်ခိုက်လာခဲ့ပါပြီ။

၀ှစ်

နင်လည်း ကြယ်တာရာဖမ်း နတ်ဘုရား လက်သိုင်းကို အသုံးပြုလိုက်ပြီးတော့ သူ့ရဲ့ လက်ချောင်းတွေကိုလည်း ဓားသဖွယ်အသုံးပြုလိုက်ပါတယ်။ ဓားအင်အားအဆင့်လေးကိုလည်း သူအသုံးပြုလိုက်ပြီလေ။ ေ၀၀ါးတဲ့ အနက်ရောင် အလင်းတစ်ခုဟာ လက်ချောင်းထိပ်မှာ ဖြာထွက်လာခဲ့ပါပြီ။ မဟာအိပ်မက်က သူ့ကို တိုက်ခိုက်လာတဲ့ အချိန်မှာပဲ နင်က တန်ပြန်တိုက်ခိုက်ခဲ့တာပါ.. သူတို့တွေက လူချင်းအလွန်ကို နီးကပ်နေတဲ့အပြင်ကို နင်ရဲ့ တိုက်ခိုက်မှုကလည်း တော်တော်ကို မြန်လွန်းနေခဲ့တယ်လေ။

ဂျိနင် Book 31 - Opowieści tętniące życiem. Odkryj je teraz