Chp 657 ( နှလုံးသားကိုနားလည်သွားခြင်း)

44 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 657 (နှလုံးသားကို နားလည်သွားခြင်း)

ပြောရရင်တော့ ဆန်းကြယ်သူရဲကောင်းတွေရဲ့ စစ်သူကြီးကလည်း ထရန့်ကောင်းကင်ဘုံနန်းတော်ကို သိပ်ပြီး မကျေမနပ်ဖြစ်နေခဲ့တယ်လေ။ ဒါကလည်း နောက်ဆုံးသော အကြောင်းပြချက်ကို မရမက ရှာဖွေလိုက်ခြင်းပါ… စစ်သူကြီးက သူ့ရဲ့ ဒီတပည့်ကို တော်တော်လေး သဘောကျပါတယ်။ သွေးကြွေး… သွေးကြွေးဟာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံဖို့ ပြီးပြည့်စုံနေတဲ့ တပည့်ပါ… သွေးကြွေးက အလွန်ကို ပါရမီမြင့်မားတယ်လေ။ ဒါပေမဲ့လည်း သူ့ရဲ့ အမုန်းတရားကြောင့် သူမတိုးတက်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ ရန်သူကို လက်စားချေပြီးသွားရင်တော့ သွေးကြွေးဟာ ပြာပုံထဲကနေ ပြန်လည်တိုးထွက်လာခဲ့တဲ့ မီးငှက်အဖြစ်ပြောင်းလဲသွားပါလိမ့်မယ်။ ဒါကြောင့်လည်း ထရန့်ကောင်းကင်ဘုံ နန်းတော်ကိုပါ တစ်ချက်တည်းခြေမှုန်းပစ်ဖို့ အစီအစဉ်ကို သူဆွဲခဲ့တာပါ..

“ပြေးကြဟေ့.. ပြေးကြ…”

“ငါရှင်သန်နိုင်သေးရင်.. လီကလန် ဆက်ပြီး တည်ရှိနေလိမ့်မယ်။”
အဖြစ်အပျက်ကို မြင်လိုက်ရတော့ မုတ်ဆိတ်ဖြူနဲ့ အဘိုးအိုလည်း ဆက်ပြီးတော့ တိုက်ခိုက်လိုစိတ် မရှိတော့ပါဘူး။ ဒီလိုနဲ့ သူချက်ချင်းပဲ ထွက်ပြေးလာခဲ့ပါတော့တယ်။

ငွေရောင်သံချပ်ကာနဲ့ စစ်သူရဲကလည်း သူကို တားဆီးထားသူ မှန်သမျှကို အသေသတ်ရင်း အနားကို ရောက်အောင် ကြိုးစားတိုးကပ်လာနေပါတယ်။ သူတို့ သခင်ကြီးကိုယ်တိုင် ထွက်ပြေးသွားတာကို မြင်လိုက်တော့ တျန်းစွန်နန်းတော်က စစ်သည်တော်တွေအားလုံးရဲ့ စိတ်ဓာတ်ဟာ အောက်ထိထိုးကျသွားခဲ့ပြီလေ။ သူတို့ နန်းတော်သခင်ထွက်ပြေးမှာတော့ .. သူတို့လည်း ထွက်ပြေးကြရတော့တာပေါ့…

ဆန်းကြယ်သူရဲကောင်းဟာ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံသတ်ဖြတ်ပါပြီ။ သွေးကြွေးရဲ့ အမိန့်ဟာ အသက်ရှင်လျက်တစ်ဦးမှ မချန်ရစ်ပဲ သေအောင်သတ်ဖို့ပါ…

“လီတျန်းစွန်… ထွက်ပြေးတာ ရပ်လိုက်စမ်း…”
အိုမင်းလို့နေတဲ့ အသံကြီးတွေ ထွက်ပေါ်လာခဲ့ပါပြီ။

ဂျိနင် Book 31 - Where stories live. Discover now