Chp 671 ( လောကသုံးပါးရဲ့ ပညာရပ်)

45 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 671 (လောကသုံးပါးရဲ့ ပညာရပ်)

နတ်ဘုရားဘုရင်လည်း နွိဝါးမဟာမိတ်တပ်မဟာတွေရဲ့ ရှေ့ဆုံး ရောက်ရှိလာခဲ့တဲ့ ဂျိနင်ကို မြို့တံတိုင်းထက်ကနေ ကြည့်နေမိခဲ့ပါတယ်။ ဂျိနင်လည်း သူ့ကိုပြန်ကြည့်နေခဲ့တယ်လေ။

အကြည့်ချင်းဆုံသွားတဲ့ အခါမှာတော့.. နတ်ဘုရားဘုရင်ရဲ့ နှလုံးသားဟာ တခဏလောက် တုန်လှုပ်ချောက်ချားသွားခဲ့ရပါပြီ..

“စိတ်၀င်စား စရာပါလား.. သူနည်းနည်းတိုးတက်လာတယ်ပေါ့…”
နတ်ဘုရားဘုရင်လည်း အေးစက်စက် ရယ်မောလိုက်ပြီး
“သူ့အတွေးထဲ မုန်းတီးမှုတွေ ပြည့်နေလို့သာ တော်သေးတယ်။ ဒီစစ်ပွဲမှာ မင်းရဲ့ မဟာမိတ်တွေကိုပဲ အားကိုးရမယ်ဆိုတာ မသိလေရော့သလား… တစ်ကိုယ်တည်း ဒီလို ရှေ့တန်းကို ပြေးထွက်လာခဲ့တယ်ဆိုတော့.. မင်းကိုယ်မင်း ထောင်ချောက်ထဲ အသေခံတိုး၀င်တာနဲ့ အတူတူပဲလေ။ မင်းကိုယ်မင်းများ အရာအားလုံး တမန်တော်လို့ ထင်နေတာလား.. မင်းက လာသမျှ ရန်သူအားလုံးကို ရင်ဆိုင်နိုင်လိမ့်မယ် ထင်နေတာလား.. ဟား ဟား….”

အခုအချိန်မှာတော့… နှစ်ဖွဲ့စလုံးဟာ ရာဟူးနင်ရှေ့တန်းကို ပြေးထွက်လာခဲ့တာ သတိထားမိသွားခဲ့ကြပါပြီ..

“သူရူးသွားတာလား….”

“အဲဒါက ဂျိနင် မဟုတ်လား.. အရင်နှစ်တွေတုန်းက .. သူက လောကသုံးပါးတခွင် လှည့်လည်ပြီးတော့ ငါတို့အက်ကြောင်းမဲ့ဂိတ်ရဲ့ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေကို သတ်ဖြတ်ခဲ့တယ်။ အခုစစ်မြေပြင်မှာလဲ သူက ဒီလောက်တောင် သတ္တိကောင်းနေခဲ့တယ်လား… သူ့ကို ဝုိင်းပြီး ၀န်းရံသတ်ဖြတ်လိုက်ကြစို့ဟေ့… အခုလို အခြေအနေမှာ သူ့ကို သတ်ပစ်ဖို့က လွယ်လွယ်လေး ဖြစ်နေပြီ မဟုတ်လား…”

“သူက တစ်ကယ့်ကို သေချင်နေတာပဲ…”

အက်ကြောင်းမဲ့ဂိတ်ရဲ့ တပ်မဟာကြီးဟာ ရာဟူးနင် ချီတက်လာတာကို မြင်လိုက်ရတော့.. ဒီအင်ပါရီယာ နတ်ဘုရားဒက်နော့ဟာ ရူးသွပ်သွားခဲ့ပြီဆိုပြီး ယုံကြည်သွားခဲ့ကြပါတယ်။ မကြာခဏဆိုသလိုပဲ စစ်မြေပြင်မှာ ရူးသွပ်စွာ တိုက်ခိုက်လာခဲ့တဲ့ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေ ပေါ်ထွက်လာခဲ့တယ်လေ။ အင်ပါရီယာ နတ်ဘုရား ငွေလဟာဆိုရင်လည်း နောက်ဆုံး စစ်ပွဲမှာတုန်းက အလားတူ ပြုမူခဲ့တယ် မဟုတ်လား…

ဂျိနင် Book 31 - Unde poveștirile trăiesc. Descoperă acum