Chp 666 ( နတ်ဘုရားဘုရင်နဲ့ တွေ့ဆုံခြင်း)

46 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 666 (နတ်ဘုရား ဘုရင်နှင့် တွေ့ဆုံခြင်း)

ကျယ်ပြောတဲ့ ကမ္ဘာဦး စကြ၀ဠာ တခွင် လှည့်လည်လေလွင့်တဲ့ အခါမှာ.. ဒီရတနာတွေက ဘာတွေလဲဆိုတာကို သိထားဖို့ လိုအပ်တယ်လေ။ ဒါကို မြင်လျက်နဲ့ ဘာမှန်းမသိပဲ ကျော်သွားမိခဲ့ရင်.. ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ… ကမ္ဘာ့နတ်ဘုရား နော့ရတ်က ဒီလို ရတနာတွေကို သိရှိစေဖို့  ကျမ်းစာပေါင်းများစွာကို ချန်ရစ်ထားပေးခဲ့တယ်လေ။ ဒါကြောင့်လည်း နင့်အတွက် လက်ရှိ အရေးတကြီး လိုအပ်နေတဲ့ ရတနာကုန်ကြမ်းပစ္စည်းတွေကို သိလာခဲ့တာပါ…

“လာခဲ့လေ…”
နင်ရဲ့ စိတ်စေစားမှုကြောင့်… ညစ်ညစ်ပတ်ပတ် ဆေးပေါင်းအိုးလေးတစ်လုံး အနားကို ပျံသန်းလာခဲ့ပါပြီ…

အကျဉ်းကျနေတဲ့ အင်ပါရီယာ နတ်ဘုရားဆီကနေ ဒီဆေးပေါင်းအိုးကို နင်ရရှိလာခဲ့တာပါ… ဒီအင်ပါရီယာ နတ်ဘုရားက ဆေးပေါင်းအိုးကို ရရှိခဲ့ပြီးတဲ့နောက် အချိန်တော်တော်ကြာလေ့လာခဲ့ပုံပါ… ဒါပေမဲ့ အသုံး၀င်ပုံကို သူမသိခဲ့ဘူးလေ။ သူ့ရဲ့ ဂိုဏ်းတော်က ဆရာကြီးတွေကလည် မသိခဲ့ကြဘူး..

“ဓာတ်ကြီးငါးပါး ဆေးပေါင်းအိုး…”
နင်လည်း ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပါတယ်။
“လအောက်ရေကန်ကနေ ထွက်လာတော့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ စုဆောင်းပြီး ဒီလို ရတနာတစ်ခုကို တည်ဆောက်ရလိမ့်မယ်လို့ ထင်ထားမိခဲ့တာ… ဒါပေမဲ့ အခု ငါ့မှ တစ်ခု ရှိနေပြီပဲကို… ပြီးတော့ ဒီတစ်ခုက မူလကြယ်တာရာ ဝိညာဉ်မှော်ရတနာ အဆင့်မှာ ရှိနေတယ်။ ဒီပစ္စည်းက ကမ္ဘာ့နတ်ဘုရား နော့ရတ်ရဲ့ မျက်လုံးထဲမှာ ဘာမှ မဟုတ်ပေမဲ့လည်း.. ငါ့အတွက်ကတော့ .. တော်တော်ကို အသုံး၀င်နေပြီ….”

ဓာတ်ကြီးငါးပါး ဆေးပေါင်းအိုးကို မှော်ရတနာတွေ ဖျက်ဆီးတဲ့နေရာမှာ အသုံးပြုတယ်လေ။

အမှန်ပါပဲ..ဖျက်ဆီးတဲ့ နေရာမှာပါ…

အဖိုးတန်တဲ့ကုန်ကြမ်းပစ္စည်းတွေ၊ ပျက်စီးနေတဲ့ ရတနာတွေ၊ မပျက်စီးသေးတဲ့ ရတနာတွအားလုံးကို ဒီဆေးပေါင်းအိုးထဲ ပစ်ထည့်လိုက်လို့ ရပါတယ်။ သူတို့တွေက ပေါင်းအိုးထဲမှာ လုံး၀ကို ပျက်စီးသွားမှာဖြစ်ပြီးတော့.. သန့်စင်တဲ့ ဓာတ်ကြီးငါးပါးအမြုတေတွေ ပြန်ထွက်လာမယ်လေ။ သတ္ထု၊ သစ်သား၊ ရေ၊ မီး၊ မြေ စသည်ဖြင့်ပေါ့.. ကမ္ဘာဦး ပျက်စီးခြင်း စကြ၀ဠာကနေ မွေးဖွားထွက်ပေါ်လာတဲ့ ရတနာအားလုံးကိုတောင် ဓာတ်ကြီးငါးပါးအမြုတေအဖြစ် သန့်စင်နိုင်တယ်လို့ ပြောလို့ရပါတယ်။

ဂျိနင် Book 31 - Opowieści tętniące życiem. Odkryj je teraz