Chp 642 ( ကီလိုစတားကျွန်း)

44 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 642 (ကီလိုစတားကျွန်း)

မီးခိုးရောင် ၀တ်စုံ၀တ် လူကြီး နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါတယ်။
“သူက ဘယ်သူလဲ… ကီလိုစတားကျွန်းက လူအားလုံးကိုတော့ ငါသိထားပြီးသားပါ… အာ… ငါကလောကသုံးပါးမှာ ရှိသမျှ အင်ပါရီယာ နတ်ဘုရားအားလုံးလောက်ကို သိပြီးသား မဟုတ်ဘူးလား… ဒါပေမဲ့ ဒီ၀တ်စုံဖြူ၀တ် လူငယ်လေးက…”
သူနားမလည်နိုင် ဖြစ်နေပေမဲ့လည်း လအောက်ရေကန်ထဲမှာတော့ အင်ပါရီယာ နတ်ဘုရား နောက်တစ်ဦး ပေါ်ထွက်လာဖို့ အကြောင်းရင်း နှစ်ခုပဲ ရှိတာကိုတော့ သိပါတယ်။

ပထမတစ်နည်းကတော့.. စမ်းသပ်စစ်ဆေးမှုတွေကို ကျော်ဖြတ်လာတဲ့ နည်းပါ။ ဒုတိယ တစ်နည်းကတော့ ကျော်ဖြတ်နိုင်သူနောက် လိုက်လာတာလေ။

“သူက အသစ်ပဲ.. ဒါဆိုရင်.. သူက နတ်ဆိုးဖြတ်လမ်းကို ဖြတ်ကျော်ခဲ့ပြီးပြီပေါ့…”
မီးခိုးရောင် ၀တ်စုံနဲ့ လူကြီး ရင်ထိတ်သွားခဲ့ပါတယ်။ ဂျိနင် တရားထိုင်နေတာကို သူစောင့်ကြည့်နေခဲ့တယ်လေ။ သွားပြီး မနှောင့်ယှက်ရဲခဲ့ပါဘူး။

ဆယ့်နှစ်ရက်တိတိ သူစောင့်စားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ နင်မျက်လုံးကို ဖွင့်လိုက်ပါပြီ။ ရာစုနှစ် တစ်ခုရဲ့ တစ်စစီဖြစ်လို့နေတဲ့ ဥာဏ်အလင်းတွေဟာလည်း ပြန်လည်ချိတ်ဆက်သွားခဲ့ကြပြီလေ။ သူ့ရဲ့ ဓားကို နားလည်မှုဟာလည်း ပိုပြီးတော့ မြင့်မားလာခဲ့ပါပြီ။ ပြောရရင်… ရတနာငါးပါး ဓားသိုင်းကို အောင်မြင်သွားတဲ့အခါ ဘယ်လို ဖြစ်လာမလဲဆိုတာကိုတောင် နင်ရေးတေးတေး အာရုံခံလာမိပါပြီ… ဒါပေမဲ့လည်း သူ့အနေနဲ့ အဲဒီအဆင့်ကို ရောက်ဖို့ နည်းနည်းလိုနေသေးတာကို သိနေပါတယ်။ မြူနှင်းဝေတဲ့အချိန်မှာ ပန်းတစ်ပွင့်ကို တွေ့အောင်ရှာရသလိုပဲ အရာရာ ေ၀၀ါးနေလို့ပါ… ရတနာငါးပါး ဓားသိုင်းကို အပြည့်အ၀ နားမလည်နိုင် ဖြစ်နေခဲ့တယ်လေ။

“ငါ နည်းနည်းလိုနေသေးတယ်။”
နင်လည်း သက်ပြင်းချလိုက်မိပါတယ်။
“ငါသာ နည်းနည်းလောက် အဆင့်တက်နိုင်မယ်ဆိုရင်…. ရတနာငါးပါး ဓားသိုင်းကို လုံး၀နားလည်အောင်မြင်သွားလိမ့်မယ်။ ဒါဆို မိုးကောင်းကင်တာအိုရဲ့ ကန့်သတ်ခြင်းကို ကျော်လွန်သွားတဲ့ ဓားသိုင်းကို ငါအောင်မြင်သွားတာဖြစ်လို့ လအောက်ရေကန်ကနေလည်း ထွက်ခွာသွားနိုင်လိမ့်မယ်။”

ဂျိနင် Book 31 - Where stories live. Discover now