Chp 692 ( သွေးကြောပန်းပွင့်လာခြင်း )

46 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 34
Chapter 692 (သွေးကြာပန်း ပွင့်လာခြင်း)

တချို့သော အစစ်အမှန် နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေဟာ ဂျိနင်ထက် ပိုပြီး အားအင်ချိနဲ့ခဲ့ကြပါတယ်။ သူတို့တွေက သာမန် တာအိုဖခင်ကြီး အဆင့််လောက်သာ အစွမ်းရှိကြတာပါ… ဒါကြောင့် နင့်အနေနဲ့ အလွယ်တကူပဲ အနိုင်ယူုနိုင်ခဲ့တယ်လေ။ သူတို့ကို ရင်ဆိုင်တိုက်ခိုက်လို့လည်း သူဥာဏ်အလင်း အများအပြား မရရှိတော့ပါဘူး…

ပိုပြီး အစွမ်းထက်တဲ့ရန်သူတွေ ပြီးတော့ အထူး သိုင်းပညာရပ်တွေ တတ်မြောက်ထားသူတွေကို ရင်ဆိုင်ပြီးတဲ့အခါမှာတော့.. နင်ဟာ ခုနစ်ရက် ရှစ်ရက်လောက် ကြာတဲ့အထိကို ဒီတိုက်ပွဲတွေအကြောင်း သုံးသပ်ဆင်ခြင်နေခဲ့ပါတယ်။

အကျဉ်းထောင် ကမ္ဘာတစ်ခွင် လိုက်လံဓားပြတိုက်ပြီး ဆယ့်နှစ်လ အကြာမှာတော့… အစစ်အမှန် အင်မော်တယ် တစ်ဦးရဲ့ အကျဉ်းထောင် နယ်မြေ.. ဒီနယ်မြေမှာတော့ မြူခိုးနက်တွေ ဝေနေလို့..

၀ုန်း ဝုန်း ဝုန်း

တိုက်ပွဲကြီးတစ်ခုရဲ့ အသံတွေဟာ မြုခိုးတွေကြားကနေ ထွက်ပေါ်လာခဲ့သလို မြူခိုးတွေဟာလည်း လွင့်လို့ လာခဲ့ပါပြီ..

မြူခိုးတွေ အတွင်းမှာတော့…

“သွားစမ်း”
အလွန်ကို ဒေါသထွက်နေပုံရတဲ့ ခရမ်းရောင်မျက်လုံးနဲ့ အမျိုးသမီးဟာ နင်ကို လက်ညှိုးနဲ့ ညွှန်လိုက်ပါပြီ… ကောင်းကင်တခွင်လုံးမှာ အနက်ရောင်အလင်းတွေ ပြည့်လို့လာခဲ့ပြီး နင်ဆီကို ပျံသန်း၀င်ရောက်သွားခဲ့ပြီလေ…

နင်လည်း သူ့ရဲ့ ဓားနှစ်လက်ကို လက်ထဲကိုင်ထားပြီးတော့ လေထဲမှာပဲ ဖြည်းဖြည်းချင်း အရှေ့တိုးလာခဲ့ပါတယ်။

ရန်သူကို တိုက်ခိုက်ဖို့အတွက် သူအလောမကြီးခဲ့ပါဘူး… ဖြည်းဖြည်းချင်းသာ လျှောက်လှမ်းလာခဲ့တဲ့အတွက် ရန်သူဟာ သူ့ကိုအပြင်းအထန် တိုက်ခိုက်ဖို့ အချိန်ရခဲ့ပါတယ်။

ခရမ်းရောင်ကျောက်မျက်ကို ပြင်ဆင်ဖို့အတွက် လုံလောက်တဲ့ ရတနာတွေ စုဆောင်းဖို့ အရေးကြီးပေမဲ့လည်း… သူ့ရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့ အခြေခံ အုတ်မြစ်ဟာလည်း အရေးကြီးတယ်လေ။ ဒါကြောင့် အစစ်အမှန် နတ်ဘုရားနဲ့ အစစ်အမှန် အင်မော်တယ်တိုင်းရဲ့ တိုက်ပွဲတိုင်းကို သူသေချာ အလေးထားခဲ့ပါတယ်။

ဂျိနင် Book 31 - Onde histórias criam vida. Descubra agora