Book 36 Chp 720 ( လက်ရွေးစင်အဆင့်အကြီးအကဲနတ်ဘုရား)

55 1 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 36
Chapter 720 (လက်ရွေးစင်အဆင့် အကြီးအကဲ နတ်ဘုရား)

ဒီလက်ဝါးကြီး နှစ်ဖက်မှာ ကမ္ဘာကြီးတွေ ပါ၀င်လို့နေခဲ့တဲ့အလား… နတ်မိစ္ဆာသွေ့ခြောက်ဆူးလည်း အံကို တင်းတင်းကြိတ်လိုက်ပြီးတော့
“သူက မသေခင်မှာ နောက်ဆုံးတစ်ချက် တိုက်ခိုက်ဖို့ ပြင်ဆင်ထားတာပဲကိုး…”

ဗုဒ္ဓအရှင် သက္ကဂ္ဂထာဟာ အစစ်အမှန် နတ်ဘုရားပါ… သူဟာ အကြီးအကဲ နတ်ဘုရားတစ်ဦးလောက် အစွမ်းကို ထုတ်သုံးနိုင်တယ်ဆိုပေမဲ့လည်း အင်အားအရာမှာတော့ နတ်မိစ္ဆာသွေ့ခြောက်ဆူးကို မမှီသေးပါဘူး… ဒါပေမဲ့လည်း လက်ဝါးသိုင်းရဲ့ လေးနက်ဆန်းကြယ်မှုတွေကတော့ သွေ့ခြောက်ဆူးရဲ့ ပညာရပ်ထက် အံ့မခန်းကို ကျော်လွန်နေခဲ့ပါပြီ… နတ်မိစ္ဆာသွေ့ခြောက်ဆူးအနေနဲ့ နောက်ဆုံးတိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ မဖြစ်နိုင်တော့ပါဘူး.. သူ့အနေနဲ့ ထိပ်တိုက်ရင်ဆိုင်ရုံသာ…

၀ုန်း

တိုက်ခိုက်မှု နှစ်ခုက ရင်ဆိုင် တွေ့ဆုံသွားခဲ့ပါပြီ…

အရှင်သက္ကဂ္ဂထာဟာ တိုက်ခိုက်မှုရဲ့ အရှိန်ကို အားယူလိုက်ပြီးတော့ အနောက်ကို ခုန်ဆုတ်ပြီး ပျံသန်းသွားခဲ့ပါတယ်။

“ကျူးကျော်သူ…”

နင်လည်း မိုးကြိုးနက်မြွေနဂါးကို အသုံးပြုပြီးတော့ မာန်သွင်းပြီး ပျံသန်း၀င်ရောက်လာခဲ့ပါပြီ..

“သေစမ်း”
သက္ကဂ္ဂထာနဲ့ တိုက်ကွက်ချင်း ဖလှယ်ခဲ့ပြီးတဲ့ အခါမှာတော့…နတ်မိစ္ဆာသွေ့ခြောက်ဆူးလည်း အနောက်ကို ဆုတ်လာခဲ့ရပါတယ်။ သူပြန်လည် ဟန်ချက်ထိန်းလာနိုင်တဲ့ အခါမှာတော့… ဂျိနင်ရဲ့ တိုက်ခိုက်မှုက ရောက်ရှိလာခဲ့ပါပြီ… နတ်မိစ္ဆာသွေ့ခြောက်ဆူးလည်း အဝေးကို ထွက်ပြေးပျံသန်းသွားနေပြီဖြစ်တဲ့  အရှင်သက္ကဂ္ဂထာကို မုန်းတီးစွာ တစ်ချက်လှမ်းကြည့်လိုက်ပါတယ်။
“ငါအများကြီး ပေးဆပ်ခဲ့ပြီးမှကွာ… မဟာအဆင့် တောသားတစ်ကောင်ကိုတောင် သေအောင် မသတ်နိုင်ခဲ့ရဘူးလို့… ငါဒါကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ…”

ဂျိနင် Book 31 - Nơi câu chuyện tồn tại. Hãy khám phá bây giờ