Chp 673 ( မင်းလက်ရှောင်စမ်း )

42 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 673 (မင်းလက်ရှောင်လိုက်စမ်း)

တမန်တော်နဲ့ ဂျိနင် ရင်ဆိုင်တိုက်ခိုက်နေတဲ့ အချိန်မှာတော့… စစ်မြေပြင်က အက်ကြောင်းမဲ့ ဂိတ်ရဲ့ တပ်မဟာတွေ တေ်ာတော်ကို အခြေအနေ ဆိုးရွားနေခဲ့ကြပါပြီ…

အဆုံးမဲ့ ဖင်းဂေါ့တစ်ဦးကို နင်သတ်ပစ်ပြီးပြီးချင်းမှာပဲ.. မြစ်ဝါမြစ် အင်ပါရီယာ ပြည့်၇ှင် ဟွမ်ဒီက ချက်ချင်းအမိန့်ထုတ်ပြန်လိုက်ပါပြီ..

“ဂျိမင်း၊ သစ်ကလေးငယ်.. အစွမ်းကုန် တိုက်ခိုက်ကြတော့…”

တစ်ချိန်တည်းမှာပဲ တာအိုမိခင်ကြီး မိစ္ဆာလက်က သူမရဲ့ တပ်မဟာတွေကို အမိန့်ပေးလာခဲ့ပါပြီ….
“အားလုံးပဲ နောက်ဆုတ်မယ်ဟေ့…”

စစ်မြေပြင်ရဲ့ အခြေအနေကို သေနာပတိချုပ် နှစ်ဦးလုံး နားလည်သဘောပေါက်သွားခဲ့ကြပါပြီ…

“ဟုတ်ကဲ့…”

“ဟုတ်ကဲ့…”

ဂျိမင်းပန်ဂုလည်း အမြန်ဆုံးကို ရှေ့တန်းပြေးထွက်လာခဲ့ပြီလေ။ တပ်မဟာကြီးတွေ သူ့အနောက်မှာ ကျန်ရစ်ခဲ့ပါပြီ…

ဂျိမင်း ပန်ဂု နံဘေးမှာ ချက်ချင်းဆိုသလို နောက်ထပ် ပန်ဂု နတ်ဘုရား တစ်ဦးပေါ်ထွက်လာခဲ့ပြန်ပါပြီ… ဒီတစ်ဦးရဲ့ မျက်နှာက တေ်ာတော်ကို ငယ်ရွယ်နုပျိုနေဆဲပါ.. သူကတော့ သစ်ကလေးငယ်လေ.. ဒုတိယ ကမ္ဘာဦးပန်ဂု ၀င်္ကပါရဲ့ ကွန်မန်ဒါပါ… အက်ကြောင်းမဲ့ဂိတ်ရဲ့ ခန့်မှန်းချက်တွေက မလွဲခဲ့ပါဘူး… ဟွမ်ဒီက တခြား အကြံဥာဏ်မရှိတော့တာကြောင့်… စစ်အင်အားကို တိုးချဲ့ဖို့ စဉ်းစားလိုက်ရတယ်လေ။

ပန်ဂုနတ်ဘုရားနှစ်ပါးနဲ့ အရာအားလုံး တမန်တော်ကို ရင်ဆိုင်တိုက်ခိုက်ဖို့ သူစီစဉ်ထားခဲ့တာပါ… သစ်ကလေးငယ်ဟာ မိခင်နွီဝါးနောက်လိုက်ပါခဲ့တဲ့ အစွမ်းထက်လှတဲ့ ကလေးငယ် ငါးဦးထဲက တစ်ဦးပဲလေ။ သူ့ရဲ့ ပန်ဂု နတ်ဘုရားကြီးဟာ အေရွန် ကမ္ဘာ့သံမဏိ တောင်ဝှေးကို ကိုင်ဆောင်ထားပါတယ်။ ဂျိမင်းပန်ဂုရဲ့ အမြန်နှုန်းအတိုင်းပဲ အရှေ့ကို သူပြေးထွက်လာခဲ့ပါပြီ…

၀ှစ် ဝှစ်

ပန်ဂုနတ်ဘုရားကြီး နှစ်ပါးဟာ အက်ကြောင်းမဲ့ တပ်မဟာဆီကို အမြန်ဆုံး ပြေး၀င်သွားခဲ့ကြပါပြီ.. သူတို့တွေက သိုးတွေကြားထဲ လွှတ်လိုက်တဲ့ ကျားတွေအလား… သူတို့ရဲ့ အမြန်နှုန်းကို လိုက်မှီနိုင်တာဆိုလို့ အက်ကြောင်းမဲ့ဂိတ်ရဲ့ တမန်တော် တစ်ဦးပဲ ရှိပါတယ်။ တခြား ၀င်္ကပါတွေ ဂိုလမ်တွေအားလုံးက သူ့ကို မမှီခဲ့ကြပါဘူး။ ပြီးတော့ အက်ကြောင်းမဲ့ တပ်မဟာကြီးဟာ အရမ်းကို အင်အားချိနဲ့လာခဲ့ပြီလေ…

ဂျိနင် Book 31 - Where stories live. Discover now