Chp 693 ( အစစ်အမှန်နတ်ဘုရားဖြစ်လာခြင်း)

42 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 34
Chapter 693 (အစစ်အမှန် နတ်ဘုရား ဖြစ်လာခြင်း)

ဂျိနင်လည်း မျက်လုံးကို ဖွင့်လိုက်ပြီးတော့ လေထဲမှာ ရှိနေတဲ့ သွေးကြာပန်းပွင့်တွေကို လှမ်းကြည့်လိုက်မိပါတယ်။ သူတို့ရဲ့ သွေးဆာရက်စက်မှု အော်ရာအရှိန်အဝါဟာ လောတခွင်လုံး ပြည့်နေခဲ့ပေမဲ့လည်း လှပမှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပါဘူး… အရမ်းကို လှပလွန်းတဲ့ မိန်းကလေးတစ်ယောက်ဟာ သွေးပင်လယ်အကြား ရှိနေသလိုမျိုး နင်ခံစားနေမိခဲ့ပါတယ်။ ဒီ မိန်းကလေးရဲ့ မျက်နှာကတော့.. သူအမြင်တွေ့ချင်ဆုံးသော မိန်းကလေးရဲ့ မျက်နှာပါ… သူမဟာ သွေးကြာပန်းတွေ အလယ်မှာ တိတ်ဆိတ်စွာရပ်နေပြီးတော့ သူ့ကိုပြုံးကြည့်နေလို့…

“အစ်မတော်…”

တိုးတိုးလေး နင်ရေရွတ်လိုက်ပါတယ်။ သူအချိန်တော်တော်ကြာ ငြိမ်သက်နေရာကနေ သူ့လက်ကို ဝှေ့ယမ်းလိုက်ပါပြီ.. သွေးကြာပန်းပွင့်တွေကို ပြန်လည်သိမ်းဆည်းလိုက်တာပါ…

သူကြာပန်းသဏ္ဌာန် ထိုင်ချလိုက်ပြီးတော့ တစ်ကိုယ်တော် ကမ္ဘာ့နတ်ဘုရား ကျင့်စဉ်ကို စတင်လေ့ကျင့်ပါတော့တယ်။

တိတ်ဆိတ်ငြိမ်သက်ခြင်း

သူ့နှလုံးခုန်သံဟာ စတင်ပြီးတော့ နှေးကွေးလာခဲ့ပါပြီ.. ပြောရမယ်ဆို၇င် လုံး၀ ရပ်တန့်သွားတော့ မတတ်ကို ဖြစ်နေခဲ့ပြီလေ… သူ့ရဲ့ ခန္ဓာကိုယ်ထဲက သွေးစီးဆင်းမှုတွေလည်း ရပ်တန့်သွားတော့မဲ့အလား.. နင်ဟာ ထိုင်လို့နေခဲ့ပတယ်.. သူတစ်ကိုယ်တည်းသာ ရှိနေတဲ့အလား.. သွေ့ခြောက်နေတဲ့ သစ်အိုပင် တစ်ပင်အလား… ဒါပေမဲ့ သူ့ရဲ့ အာရုံခံစားချက်တွေဟာ မူလကထက်ကို စူးရှထက်မြက်လာခဲ့ပြီလေ…

“ငါ့ရဲ့ နတ်ဘုရား ခန္ဓာကိုယ်…”
မွတ်သိမ်မှုရဲ့ အရင်းအမြစ်ကို နင်ရှာဖွေနေခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ကနေ ဖြာထွက်လာတဲ့ ဆာလောင်ခြင်းရဲ့ စတင်ရာ…

“ဒီမှာပဲ…”

“စတင်ဖို့ အချိန်တန်ပြီ..”

နင်လည်း ကျင့်စဉ်ကို စတင်ကျင့်ကြံလိုက်ပါပြီ…

“ဓားတာအိုဟာ အမြုတေဖြစ်စေ…”
ချက်ချင်းဆိုသလိုပဲ နင့်ခန္ဓာကိုယ်ရဲ့ ဆဲလ်တိုင်းမှာ ရှိနေတဲ့ နတ်ဘုရား စွမ်းအင်ဟာ မရေမတွက်နိုင်တဲ့ ဓားငယ်လေးပေါင်းများစွာ အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ… နတ်ဘုရား စွမ်းအင် အစက်ငယ်လေးတိုင်းဟာ ဓားငယ်လေးတွေ အသွင်မှာ… နင့်ရဲ့ ခန္ဓာကိုယ်ဟာလည်း မရေမတွက်နိုင်အောင်များပြားတဲ့ ဓားငယ်လေးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့အလား… ဓားငယ်လေးတစ်ခုစီမှာ မဟာတာအိုရဲ့ အမြုတေ ပါ၀င်နေခဲ့ပါတယ်။ ဓားတာအိုရဲ့…

ဂျိနင် Book 31 - Where stories live. Discover now