Chp 701 ( စစ်ပွဲမှာအားလုံးအသတ်ခံလိုက်ရပြီ)

42 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 701 (စစ်ပွဲမှာ အားလုံး အသတ်ခံလိုက်ရပြီ..)

ကောင်းကင်အင်မော်တယ် အမှောင်ကောင်းကင်ဘုံဆီမှာ ဂိုလမ် ခန္ဓာကိုယ်ပေါင်းများစွာ ရှိနေပါတယ်။ ဒါကြောင့်လည်း မိစ္ဆာခပ်သိမ်း သခင်ကြီးကို သူချက်ချင်းပဲ သတင်းပို့နိုင်ခဲ့တယ်လေ။ သတင်းဟာ တာအိုမိခင်ကြီး မိစ္ဆာလက်၊ နတ်ဘုရားဘုရင်နဲ့ အက်ကြောင်းမဲ့ဂိတ်ရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးတွေဆီ ရောက်ရှိသွားခဲ့ပါပြီ..

“ဘာ.. သူမသေဘူးလား…”
အနက်ရောင် နတ်ဘုရားဘုရင်ဟာ အားလုံးထဲမှာ အတုန်လှုပ်ဆုံးပါ… သူဒါကို လုံ၀ လက်မခံနိုင်ခဲ့ဘူးလေ…

“ကိုယ်ပွားကျင့်စဉ် တစ်မျိုးပေါ့…”
အကြီးအကဲ ထာ၀ရ သစ်သားဟာ ဓားလေးတစ်ချောင်းနဲ့ သစ်သားတုံးလေး တစ်တုံးကို ထွင်းနေတာပါ… သတင်းကို ကြားလိုက်ရတဲ့ အခါမှာတော့ သူမျက်မှောင်ကြုတ်ပြီး တိုးတိုးလေး ရေရွတ်မိခဲ့ပါပြီ…

ကမ္ဘာဦး အပျက်အစီး ကမ္ဘာရဲ့ ကြီးမားလှတဲ့နန်းတော်ကြီးထဲမှာ..

ကောင်းကင်အင်မော်တယ် အမှောင်ကောင်းကင်ဘုံဟာ ဂါရဝြပုပြီး ပြောလာခဲ့ပါပြီ…
“ငါ့ ဆရာပြောတာကတော့ ဂျိနင်ဟာ အရမ်းကို ရိုင်းစိုင်းလွန်းတယ်တဲ့… ဒါကြောင့် မင်းအနေနဲ့ သက္ကဂ္ဂထာ၊ ဖူရှီတို့ကို ရှင်းသလိုပဲ သူ့ကိုပါ ရှင်းလိုက်ပါတဲ့….”

“အိုး…”
ဂြိုဟ်သားကျူးကျော်သူကြီးလည်း ပြုံးလိုက်ပြီးတော့
“ဒါပေမဲ့ ဒီဂျိနင်မှာ အရမ်းကို အစွမ်းထက်တဲ့ ကိုယ်ပွား ကျင့်စဉ် ရှိနေပုံ ရနေပြီ…”

အမှောင်ကောင်းကင်ဘုံလည်း မြန်မြန်စကားဆက်လိုက်ပါတယ်။
“သူ့မှာ ရှိရင်တောင်မှပဲ.. သူ့ရဲ့ ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ဖို့အတွက် အများကြီးကို တန်ဖိုးပေးရမှာ သေချာတယ်။ နောက်ဆုံးအကြိမ်ငါတို့ သူ့ရဲ့ မူလခန္ဓာကို ဖျက်ဆီးလိုက်တော့.. ဟုန်ယွိက သူ့ရဲ့ မိုးကြိုးနက် မြွေနဂါးနဲ့ တခြားရတနာတွေကို ယူသွားခဲ့တယ်။ ဒီတစ်ကြိမ်မှာ မင်းသူ့ကို သတ်လိုက်မယ်ဆိုရင် သူ့ရဲ့ ပိုင်ဆိုင်သမျှ အရာအားလုံး ဆုံးရှုံးသွားမှာပဲလေ…ရတနာတွေ မရှိတော့ဘူးဆိုရင် ခန္ဓာကိုယ် ပြန်တည်ဆောက်လိုက်လည်း သူ ဒီလောက် အစွမ်းထက်တော့မှာ မဟုတ်ပါဘူး…”

ဂျိနင် Book 31 - Wo Geschichten leben. Entdecke jetzt