Book 34 Chp 680 ( ဆင့်ခေါ်ခြင်း)

41 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 34
Chapter 680 (ဆင့်ခေါ်ခြင်း)

မြစ်ဝါမြစ် အင်ပါရီယာ ပြည့်၇ှင် ဟွမ်ဒီ အရမ်းကို ဒေါသထွက်နေပါပြီ… ဒါက သူ့ရဲ့ အင်ပါရီယာ နန်းတော်လေ။ အက်ကြောင်းမဲ့ဂိတ်က ကျူးကျော်၀င်ရောက်တိုက်ခိုက်ရဲတယ်လား… ခရမ်းရောင်အလင်း အတားအဆီးကို ချက်ချင်းမကျော်ဖြတ်နိုင်မှန်း သူသိလိုက်တာနဲ့ ရွှေရောင်အလင်းတောက်ပလို့နေတဲ့ နတ်ဓားတစ်ချောင်းကို ထုတ်ယူလိုက်ပါပြီ… ဒါကတော့ ဒဏ္ဍာရီလာ ဟွမ်ဒီ ဓားပါ…(မြစ်ဝါမြစ်ဓားလို့လည်း ပြောလိုရပါတယ်။) ဓားချက်တွေ ထွက်ပေါ်လာတာနဲ့အတူ… နန်းတော်တစ်ခုလုံးကို အထပ်ထပ် ကာကွယ်ထားတဲ့ မရေမတွက်နိုင်တဲ့ ၀င်္ကပါတွေလည်း စတင်တောက်ပလာခဲ့ပါပြီ… မိုးနဲ့မြေရဲ့ သဘာ၀ စွမ်းအင်တွေဟာ သိပ်သည်းစွာ စတင်စုဝေးလာခဲ့ပြီဖြစ်သလို ကောင်းကင်တခွင်လုံးလည်း မှောင်မိုက်လာခဲ့ပြီလေ။

“ထာ၀ရသစ်သား.. ထွက်သွားစမ်း”
မြစ်ဝါမြစ် အင်ပါရီယာ ပြည့်ရှင် ဟွမ်ဒီရဲ့ အံ့မခန်း အော်ရာအရှိန်အဝါတွေ ဖြာထွက်လာခဲ့ပါပြီ။ သူ့လက်ထဲက မြစ်ဝါမြစ်ဓားထဲမှာ အဆုံးအစမဲ့ စွမ်းအားတွေ သယ်ဆောင်လာပြီးတော့ ပိုင်းချလိုက်ပါပြီ…

၀ုန်း ဝုန်း

ဓားချက်ကြောင့် ခရမ်းရောင် အလင်း အတားအဆီးဟာ နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ ဒါပေမဲ့ ဓားဖြတ်သန်းသွားတာနဲ့ အက်ကွဲနေတဲ့ နေရာတွေဟာ ပြန်လည် ဆက်မိသွားခဲ့ကြတယ်လေ။ ရေကို ဓားနဲ့ပိုင်းလိုက်တဲ့အခါမှာ ရေက ဆက်ပြီး စီးဆင်းနေတဲ့အလား… ဓားအလင်းက ခရမ်းရောင်အလင်း အတားအဆီးကို ယာယီသာ ပိုင်းဖြတ်နိုင်ခဲ့ပါတယ်။ အခုတော့ မူလအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့ပါပြီ…

“ဟွမ်ဒီ .. မင်းက တပ်မဟာတွေကို အမိန့်ပေး ဗျူဟာချတာမှာ အစွမ်းထက်ပေမဲ့လည်း.. တစ်ဦးချင်း တိုက်ခိုက်ရတဲ့ အခါမှာတော့.. ငါ့ကို မှီဖို့ အများကြီးလိုသေးတယ်။”
အကြီးအကဲ ထာ၀ရ သစ်သားက တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ်။ သူ့အကြည့်က ရွှီးဖူတိဆီမှာပါ… ဘာဖြစ်လို့လည်းဆိုတော့ ရွှီးဖူတိ ပြောင်းလဲလာနေတယ်လို့ သူခံစားမိခဲ့လို့လေ။

ဂျိနင် Book 31 - Where stories live. Discover now