Chp 723 ( ချိုင်နန်းတော်ရှင်)

47 0 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 36
Chapter 723 (ချိုင်နန်းတော်ရှင်)

သီအိုရီအရဆိုရင်တော့ ချုပ်နှောင်ခြင်းမဲ့ အကြီးအကဲ နတ်ဘုရား ပုံရိပ်ဖော် ကျင့်စဉ်ဟာ ပိုပြီး အဆင့်မြင့်ပါလိမ့်မယ်။ ဒါပေမဲ့လည်း တစ်ကိုယ်တော် ကမ္ဘာ့နတ်ဘုရားကျင့်စဉ်ဟာ အသေးစိတ်မှတ်တမ်းတင်ထားသလို ပိုပြီးလည်း ပြည့်စုံနေခဲ့တယ်လေ… ပြီးတော့ တန်ခိုးရှင်ပေါင်း များစွာပဲ ကျင့်ကြံအားထုတ်ခဲ့ကြသလို အောင်မြင်မှု ရာခိုင်နှုန်း အမြင့်မားဆုံး ကျင့်စဉ် ဖြစ်နေခဲ့တယ် မဟုတ်လား.. ချုပ်နှောင်ခြင်းမဲ့အကြီးအကဲ နတ်ဘုရား ပုံရိပ်ဖော် ကျင့်စဉ်ဟာ ပိုပြီးအဆင့်မြင့်မားတယ် ဆိုပေမဲ့လည်း အတွေ့အကြုံ မရှိလှသေးတဲ့ အသစ်စက်စက် ကမ္ဘာ့နတ်ဘုရာမိခင်နွီဝါးက တီထွင်ခဲ့တာ မဟုတ်လား… ပြီးတော့ တစ်ကိုယ်တော် ကမ္ဘာ့နတ်ဘုရား ကျင့်စဉ်ဟာ ကမ္ဘာ့နတ်ဘုရားအဆင့်အထိ ရောက်ရှိအောင် ကျင့်ကြံနိုင်တဲ့ ကျင့်စဉ်ဆိုတော့ တီထွင်ခဲ့သူဟာ မိခင်နွီဝါးထက် ပိုပြီး အဆင်မြင့်သူလည်း ဖြစ်နေနိုင်ပါတယ်။

ဒါပေမဲ့ ဒီကျင့်စဉ်ကို တီထွင်ခဲ့တာ ကြည့်ပြီးတော့ မိခင်နွီဝါးဟာ ဘယ်လောက်တောင် ပါရမီ ရင့်သန်သလည်းဆိုတာကို နင်ခန့်မှန်းနိုင်ခဲ့ပါပြီ… ဒီလို တော်တော်တောကျတယ်ဆိုတဲ့ လောကသုံးပါးမှာတောင်မှ.. သူမဟာ ကမ္ဘာ့နတ်ဘုရားအဆင့်အထိ ရောက်ရှိအောင် ကျင့်ကြံအားထုတ်နိုင်ခဲ့တယ်လေ.. အဆုံးအစမဲ့ ကမ္ဘာဦး ပျက်စီးခြင်း စကြ၀ဠာထဲကို သူမ၀င်ရောက်သွားခဲ့ပြီဆိုတော့ ဘယ်အဆင့်အထိတောင် ရောက်အောင် သူမတိုးတက်သွားခဲ့ပြီလဲ… ဒီမေးခွန်းက တစ်ကယ်ကို ဖြေရခက်တဲ့ မေးခွန်းပါ…

“ဆရာ…”
နင်လည်း ရုတ်တရက်လှမ်းမေးလိုက်ပါတယ်။
“ဒီကျင့်စဉ်လည်း ကျွန်တော်တို့ ဆီမှာ ရှိနေပြီဆိုတော့.. ကျွန်တေ်ာတို့ ဘက်မှာ အကြီးအကဲ နတ်ဘုရား ရှိနေခဲ့ပြီလား..”

အစောပိုင်းတုန်းက လောကသုံးပါးမှာ မိစ္ဆာခပ်သိမ်းသခင်ကြီး တစ်ဦးသာ အကြီးအကဲ နတ်ဘုရာအဖြစ် ကျန်ရစ်တော့တယ်လို့ နင်ထင်မိခဲ့တယ်လေ… ဖူရှီနဲ့ သက္ကဂ္ဂထာတို့ကလည်း သူ့ကို ဒီလိုပဲ ပြောပြခဲ့ကြတယ် မဟုတ်လား…

ဂျိနင် Book 31 - Where stories live. Discover now