Chp 714 ( လောကသုံးပါးရဲ့ အထွတ်အထိပ် )

46 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 714 (လောကသုံးပါးရဲ့ အထွတ်အထိပ်)

ဘ၀မှ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရတဲ့ သနားစရာကောင်းလှတဲ့ လူငယ်လေးဟာ လောကသုံးပါးရဲ့ အထွတ်အထိပ်အထိ တက်လှမ်းနိုင်ခဲ့လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့မိပါဘူး..

အမှန်ပါပဲ…

လောကသုံးပါးရဲ့ အထွတ်အထိပ်

လောကသုံးပါးတခွင်မှာ ရှိရှိသမျှသော တန်ခိုးရှင် အားလုံးထဲမှာ အစွမ်းအထက်ဆုံး ဖြစ်လာဖို့…

ဗုဒ္ဓအရှင် သက္ကဂ္ဂထာ၊ တာအိုတန်ခိုးရှင် သန့်စင်ခြင်း သုံးပါး၊ လူသားဧကရာဇ် ဆူရီယန်၊ ဖူရှီ၊ရှန်းနွန်…  အံံ့မခန်း ပါရမီရှင် ဟုန်ယွိတို့ ရောက်ခဲ့တဲ့ အဆင့်…. အခုတော့ ဒီလို ၀တ်စုံဖြူ၀တ် သာမန် အသွင်နဲ့ လူငယ်လေးဟာ ဒီအဆင့်ကို ရောက်ရှိလာခဲ့ပါပြီ…

ဓားတန်ခိုးရှင် ဒက်နော့… ဂျိနင်..

“လောကက တစ်ကယ့်ကိုပြောင်းလဲသွားခဲ့ပြီပဲ…”
မြင့်မြတ်သောမိခင် လိပ်စိတ်ဝိညာဉ်က တိုးညှင်းစွာ ပြောလိုက်ပါတယ်။

“အမှန်ပဲ.. ပြောင်းလဲသွားခဲ့ပြီ… နောက်ထပ် မဟာအဆင့် ပုဂ္ဂိုလ်တစ်ဦး လောကသုံးပါးမှာ ထပ်ပေါ်လာခဲ့ပြီပေါ့….”
ကျောက်စိမ်းဆေးပေါင်းအိုးလည်း ပြောလိုက်ပါတယ်။
“သူ ကျင့်ကြံအားထုတ်ခဲ့တာမှ နှစ်ပေါင်း တစ်ထောင်တောင် မပြည့်သေးဘူးလေ… သူက တစ်ကယ့်ကို ဒဏ္ဍရီတွင်သွားခဲ့ပြီ… ဟုန်ယွိရဲ့ ဒဏ္ဍာရီထက်တောင် သူက ကျော်လွန်သွားခဲ့ပြီ…”

တာအိုဖခင်ကြီး ခုနစ်ဦးလုံးပဲ တော်တော်ကို စိတ်လှုပ်ရှား တုန်လှုပ်နေကြဆဲပါ..

ဒဏ္ဍာရီ တစ်ခု မွေးဖွားလာခဲ့တာကို သူတို့ မျက်မြင်တွေ့နေရပြီလေ…

ကျင့်ကြံအားထုတ်တာ နှစ်ပေါင်းတစ်ထောင်တောင် မပြည့်သေးတဲ့ လူငယ်လေးဟာ လောကသုံးပါးရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ခဲ့ပြီ… သူဟာ တန်ခိုးရှင် အားလုံးထက် သာလွန်အဆင့်မြင့်သွားခဲ့ပြီဖြစ်သလို တာအိုတန်ခိုးရှင် သန့်စင်ခြင်း သုံးပါး၊ ဗုဒ္ဓအရှင် နဲ့ လူသားဧကရာဇ် သုံးပါးတို့နဲ့လည်း ရင်ဘောင်တန်းပြီး ရပ်နေတဲ့ အဆင့် ရောက်သွားခဲ့ပါပြီ…

ဂျိနင် Book 31 - Where stories live. Discover now