Chp 719 ( ပြန်လည်ရင်ဆိုင်တိုက်ခိုက်ခြင်း)

48 0 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 719 (ပြန်လည်ရင်ဆိုင်တိုက်ခိုက်ခြင်း)

ဂျိနင်လည်း ခရမ်းရောင်ကျောက်မျက်ဓားကို မီတာ သောင်းများစွာ ကြီးမားအောင် ဖန်တီးလိုက်ပါပြီ…

“ပျက်စီးစမ်း…”
ေ၀၀ါးနေတဲ့ နယ်မြေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာတော့… နင်လည်း မာန်ဖီဟစ်ကြွေးပြီးတော့  ဓားကြီးကိုပင့်မြောက်ပြီး ပိုင်းချလိုက်ပါပြီ…

၀ှစ်

မိုးကောင်းကင်ခွဲ ဓားသိုင်းကို အသုံးပြုပြီး သူပိုင်းချလိုက်ပါပြီ.. ဓားစိတ်ဆန္ဒနဲ့ စိတ်အင်အားမှာတော့…. မိုးနဲ့မြေကို ပိုင်းခြားပြီးတော့ ကမ္ဘာကို တည်ဆောက်ခဲ့တဲ့ ပန်ဂုရဲ့ အင်အားနဲ့ သိပ်ပြီး ကွာခြားခြင်း မရှိခဲ့ဘူးလေ… ပန်ဂုဟာ ကမ္ဘာဦးပျက်စီးခြင်း စကြ၀ဠာ မိုးကောင်းကင်တာအိုနဲ့အတူ မွေးဖွားလာသူတစ်ဦးပါ… ဒါပေမဲ့ ကမ္ဘာကိုတည်ဆောက်ခြင်းဟာ သူ့ရဲ့ မွေးရာပါ ရည်ရွယ်ချက်ပဲလေ.. သူဟာ အားအနည်းဆုံးသော ကမ္ဘာ့နတ်ဘုရားတစ်ဦးထက် မပိုခဲ့ပါဘူး… ကမ္ဘာ့နတ်ဘုရားဖြစ်လာအောင် လေ့ကျင့်နိုင်ခဲ့သူ တစ်ဦးဆိုရင်တော့…. ပျက်စီးခြင်းကမ္ဘာတစ်ခုကို တည်ဆောက်လည်း သေဆုံးနိုင်မှာ မဟုတ်ဘူးလေ..

၀ုန်း ဝုန်း

ဓားချက် ထွက်ပေါ်လာခဲ့တာနဲ့အတူ.. မိုးခြိမ်းသံအလား ကျယ်လောင်လှတဲ့ အသံနက်ကြီး ထွက်ပေါ်လာခဲ့ပါပြီ…

“အဲ…”
နင်မျက်မှောင်ကြုတ်လိုက်မိပါပြီ…
“တချို့သော တုန်ခါမှုတွေ ထွက်ပေါ်လာခဲ့ပေမဲ့ ၀င်္ကပါက တော်တော်တည်ငြိမ်နေဆဲပဲ… ဒါက အစောပိုင်းတုန်းက ရင်ဆိုင်ခဲ့ရတဲ့ ၀င်္ကပါထက် အများကြီးပိုပြီး တည်ငြိမ်တာပေါ့…”

ဒီ၀င်္ကပါကို အင်အားသီးသန့်နဲ့ ချိုးဖျက်ဖို့ မလွယ်ကူဘူး ဖြစ်နေပါပြီ… သူဘာဆက်လုပ်ရမလဲ..

၀ှစ်

နင်လည်း အမြန်ဆုံးကို လှုပ်ရှားလိုက်ပါတော့တယ်။ ၀င်္ကပါကို ပျံသန်းဖောက်ထွက်သွားနိုင်ဖို့ သူကြိုးစားလိုက်တာပါ… အပြင်က အခြေအနေကတော့ တေ်ာတော်လေး ဆိုးရွားနေခဲ့ပါပြီ… အရှင်သက္ကဂ္ဂထာအတွက်လည်း အသက်အန္တရာယ် ရှိနေပြီလေ… ဒါကြောင့်လည်း နင်ဟာ အတွေးအားလုံးကို မေ့ဖျောက်လိုက်ပြီးတော့ ၀င်္ကပါကို ဘယ်လိုချိုးဖောက်ထွက်မလဲဆိ်ုတာပဲ သူအာရုံစိုက်ထားလိုက်ပါတော့တယ်။

ဂျိနင် Book 31 - Où les histoires vivent. Découvrez maintenant