Chp 662 ( အရာအားလုံးရဲ့ တမန်တော်)

43 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 662 (အရာအားလုံးရဲ့ တမန်တော်)

၀ုန်း ဝုန်း ဝုန်း

မိုးကောင်းကင်ကော မြေပြင်ပါ တုန်ခါနေလို့….

နံငယ်ပိုင်းသာ ၀တ်ထားတဲ့ ပန်ဂုဟာ သံချပ်ကာ၀တ် အဆုံးမဲ့ ဖင်းဂေါ့ကြီး တစ်ဦးကို ရင်ဆိုင်နေတာပါ…

နွီဝါးမဟာမိတ်တွေရဲ့ ဆန်းကြယ် အင်မော်တယ် အာမေဂဒန် ၀င်္ကပါဟာလည်း အက်ကြောင်းမဲ့ဂိတ်ရဲ့ လောကနှစ်ပါး ကပ်ဘေး နဂါးရဲ့ သေခြင်းရှင်ခြင်း ၀င်္ကပါနဲ့ အဝေးကနေ အပြန် ပစ်ခတ်တိုက်ခိုက်နေလို့ပါ… စစ်မြေပြင်တခွင်လုံးမှာပဲ သူတို့ရဲ့ တိုက်ခိုက်မှုတွေ လွှမ်းမိုးလို့နေပါတယ်။

အဝေးရောက် တိုက်ခိုက်ခြင်း၊ ခံစစ်တိုက်ခိုက်ခြင်း၊ အလျှင်အမြန် စစ်ကူပို့ပေးခြင်း…  အဲဒီအတွက်ကိုတော့ လျှင်မြန်စွာ လှုပ်ရှားသွားလာနိုင်တဲ့ ဂြိုဟ်ခုနစ်လုံး နတ်ဘုရားကြီးတွေနဲ့ ဂိုလမ်ကြီတွေက တာ၀န်ယူထားခဲ့ကြတယ်လေ။

စစ်မြေပြင်ရဲ့ အထီးကျန်လွင်ပြင်ကြီးတစ်ခုလုံးဟာ ပျက်စီးခြင်းတွေသာ ပြည့်နေလို့.. မကြာခဏဆိုသလိုပဲ ပတ်၀န်းကျင်ရဲ့ တည်ရှိမှု စကြ၀ဠာဟာ တစ်စစီ ပျက်စီးသွားပြီးတော့ စကြ၀ဠာအက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာလိုက် ပြန်လည်ပျောက်ကွယ်သွားလိုက် ဖြစ်နေတာကိုလဲ စစ်မြေပြင်အနှံ့မှာမြင်တွေ့နေရပါတယ်။

“အင်ပါရီယာနတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေက တကယ့်ကို အများကြီး ဖြစ်လာခဲ့ရင် တော်တော်ကို ကြောက်စရာကောင်းလာတာပဲ…”
နင်လည်း စစ်ပွဲကို ကြည့်ရင်း စိုးရိမ်ပူပန်နေမိပါတယ်။
“တစ်ဖက်ဖက်ကသာ အားနည်းချက် တစ်ခု ပေါ်ထွက်လာခဲ့မယ်ဆိုရင်… အကြီးအကျယ်ကို ကျဆုံးသွားနိုင်ချေ အရမ်းမြင့်နေပြီ…”

“နှစ်ဖက်စလုံးက စစ်သေနာပတိချုပ်တွေကလည်း အရမ်းကို အစွမ်းထက်ကြတာကိုး… မြစ်ဝါမြစ် အင်ပါရီယာ ပြည့်ရှင် ဟွမ်ဒီရဲ့ အမိန့်အောက်မှာ ဂြိုဟ်ခုနစ်လုံး နတ်ဘုရားကြီးတွေက ဟာကွက်မရှိ ညီညီညာညာ လှုပ်ရှားနေကြတယ်။ တာအိုမိခင်ကြီး မိစ္ဆာလက်ရဲ့ စစ်ဆင်ရေးကျတော့ အရမ်းကို ရက်စက်ပြီး ပြင်းထန်လွန်းတယ်။ ဂြိုဟ်ခုနစ်လုံး နတ်ဘုရားကြီးတစ်ဦးတောင် အခုပဲ ကျဆုံးသွားရမလို ဖြစ်သွားတယ်လေ။”

ဂျိနင် Book 31 - Where stories live. Discover now