Chp 669 ( မူလခန္ဓာ)

42 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 669 (မူလခန်ဓာ…)

ဂျိနင်လည်း တလေးတစား ထွက်ခွာသွားခဲ့ပါပြီ…

နွီဝါးမဟာမိတ်ရဲ့  မဟာပုဂ္ဂိုလ်ကြီးတွေ အားလုံးဟာ ထွက်ခွာသွားတဲ့ နင်ကို ကြည့်နေခဲ့ကြပါတယ်။ သူတို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်မိကြပြီလေ။ သူတို့တွေ စိတ်မချနိုင်သေးတာကတော့ ရှင်းနေပါတယ်။

“ဒက်နော့မှာ အဖြေရှိလိမ့်မယ်လို့ မင်းတို့အားလုံး ယုံကြည်ကြတယ်လား…”
မဟာမိုးကြိုး နတ်ဘုရားကြီးလည်း မမေးချင်မေးချင်နဲ့ မေးလာခဲ့ပါပြီ…
“ငါက သူ့ကို အထင်သေးလို့တော့ မဟုတ်ဘူး.. ဒါပေမဲ့ တမန်တော်က ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာကို ငါတို့အားလုံး သိထားပြီးကြပဲ မဟုတ်လား… အရာအားလုံးသခင်ကြီးက ဒီတမန်တော် တပ်မဟာကြီးနဲ့ ရောက်ရှိလာတော့ ပန်ဂုပျက်စီးခြင်း ကမ္ဘာကြီးကော အက်ကြောင်းမဲ့ ပျက်စီးခြင်း ကမ္ဘာကြီးပါ ပျက်စီးသွားလုလု ဖြစ်ခဲ့တယ် မဟုတ်လား… မိခင်နွီဝါးက ကံကောင်းထောက်မစွာနဲ့ အဆင့်တက်သွားခဲ့လို့သာ ပြိုင်ဘက်အားလုံးကို အနိုင်ယူနိုင်ခဲ့တာလေ။ ဒီတမန်တော်ကို အင်ပါရီယာ နတ်ဘုရား တစ်ဦးတည်းက ထိန်းချုပ်ထားတယ် ဆိုပေမဲ့လည်း… လက်ရွေးစင် တာအိုဖခင်ကြီး တစ်ဦးလောက်ကို အစွမ်းထက်နေသေးတယ် မဟုတ်လား… ဂျိနင်… သူ ဘယ်လို နည်းလမ်းနဲ့ ရင်ဆိုင်မယ်ဆိုတာ ငါတွေးတောင် မတွေးနိုင်တော့ဘူး…”

“အင်း.. ”

“အင်း… ငါလည်း မစဉ်းစားနိုင်တော့ဘူး.. သူဘာများ တတ်နိုင်မှာ မို့လဲ….”

“သူ့ဓားအင်အား ဒါမှ မဟုတ် နှလုံးသား အင်အားက အဆင့်ငါးရောက်သွားလို့များလား..”

“အဆင့်ငါးကို လွယ်လွယ်နဲ့ မရောက်နိုင်ဘူးလေ။ ဓားအင်အားကော နှလုံးသားအင်အားပါ အဆင့်တစ်ခုဆီ တစ်ခုတက်ဖို့ကို အရမ်းခက်ခဲ့တယ်လေ။ အဆင့်ငါးကို ရောက်ဖို့ဆိုတာက တာအိုဖခင်ကြီး ဒါမှ မဟုတ် အစစ်အမှန် နတ်ဘုရား တစ်ဦးဖြစ်လာထက်တောင် ခက်ခဲသေးတယ်။”0
ဟွမ်ဒီလည်း ခေါင်းကို ခါယမ်းလိုက်ပြီး
“သူက လအောက်ရေကန်ကနေ ပြန်လာရုံပဲ ရှိသေးတယ်။ လအောက်ရေကန်ကနေ လျှို့ဝှက် ရတနာ တစ်ပါးပါး သူရလာခဲ့တာလို့တော့ ငါထင်တယ်။ အစစ်အမှန် အင်မော်တယ်နဲ့ အင်ပါရီယာ နတ်ဘုရား အဆင့်ပဲ ရောက်သေးတဲ့ သူ့ကို လက်ရွေးစင် တာအိုဖခင်ကြီး တစ်ဦးလောက် အစွမ်းထက်လာနိုင်စေတဲ့အရာတစ်ခုခုပေါ့…”

ဂျိနင် Book 31 - Hikayelerin yaşadığı yer. Şimdi keşfedin