Book 33 Chp 660 ( တာအိုမိခင်ကြီး မိစ္ဆာလက်)

51 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 660 (တာအိုမိခင်ကြီး မိစ္ဆာလက်)

ရွှီးဖုတိရဲ့ တပည့်တွေထဲမှာမှ ငွေလနဲ့ အက်ကြောင်းမဲ့ဂိတ်တို့ရဲ့ တိုက်ပွဲတွေဟာ အပြင်းထန်ဆုံးကို ဖြစ်ခဲ့တယ်လေ။

ပထမတုန်းကတော့ နင်လည်း ဘာကြောင့်ရယ် မသိခဲ့ပါဘူး။ ငွေလမှာ တာအိုလက်တွဲဖော်တစ်ဦးရှိခဲ့မှန်း နောက်ပိုင်းမှာမှ သူသိခဲ့ပါတယ်။ ကမ္ဘာဦးခေတ် ပျက်စီးသွားစေခဲ့တဲ့ မဟာစစ်ပွဲကြီးမှာ သူ့ရဲ့တာအိုလက်တွဲဖော် သေဆုံးသွားခဲ့ရတယ်လေ။ ငွေလလည်း စိတ်ဝိညာဉ်လုံး၀ ပျောက်ဆုံးသွားတဲ့အလား ဖြစ်သွားခဲ့ပါတော့တယ်။

နောက်ပိုင်းမှာတော့ မိစ္ဆာခပ်သိမ်း သခင်ကြီးက အက်ကြောင်းမဲ့ဂိတ်ရဲ့ အသက်ရှင်ကျန်ရစ်ခဲ့သူတွေကို လောကသုံးပါးထဲ ပြန်သွင်းခဲ့တယ်လေ။ နွီဝါးမဟာမိတ်ကလည်း သူ့ကို ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း နှစ်ဖွဲ့စလုံးဟာ ငြိမ်းချပ်းရေးယူလိုက်ကြပြီး အက်ကြောင်းမဲ့ဂိတ်ဟာလည်း လောကသုံးပါးထဲ ပြန်လည်ရောက်ရှိလာခဲ့ပါတော့တယ်။

ဒီအချိန်မှာပဲ ငွေလက တိုက်ခိုက်လာခဲ့ပါတယ်။ သူက အက်ကြောင်းမဲ့ဂိတ် အင်အားစုတွေကို အစုလိုက်အပြုံလိုက်သတ်ခဲ့တာပါ.. ကောင်းကင်အင်မော်တယ်တွေကို သတ်ဖို့တောင်မှ သူ၀န်မလေးခဲ့ပါဘူး။ အင်ပါရီယာ နတ်ဘုရားနဲ့ အစစ်အမှန် အင်မော်တယ်တွေလား.. ငွေလရဲ့လက်ထဲမှာ ၂၀ ၀န်းကျင်လောက် သေဆုံးသွားခဲ့တယ်လေ။ သူက အရူးတစ်ယောက်လို တိုက်ခိုက်ခဲ့တာကြောင့် အားနည်းတဲ့ တန်ခိုးရှင်တွေ အများအပြားဟာ မတော်တဆဆိုသလို သူ့ကြောင့်သေဆုံးသွားခဲ့ရတယ်လေ။ သူဟာ တစ္ဆေသရဲ ပူးကပ်ခံရတဲ့ လူတစ်ဦးအလား တိုက်ခိုက်လာခဲ့တာကြောင့် အက်ကြောင်းမဲ့ဂိတ်က တာအိုဖခင်ကြီးတွေကော အစစ်အမှန် နတ်ဘုရားကြီးတွေပါ တုန်လှုပ်သွားခဲ့သလို ဒေါသလည်း ထွက်လာခဲ့ကြတယ်လေ။

အဲဒီတုန်းက အက်ကြောင်းမဲ့ဂိတ်ဟာ လောကသုံးပါးမှာ အေးအေးချမ်းချမ်းပဲ နေထိုင်လိုခဲ့တာပါ… ငွေလကလည်း ရွှီးဖူတိရဲ့ တပည့်ဖြစ်တာကြောင့် သူ့ကို မသတ်ရဲခဲ့ပါဘူး… ဒီမှာပဲ နွီဝါးမဟာမိတ်က ပုဂ္ဂိုလ်ကြီးတွေနဲ့ သူတို့ ညှိုနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံးမှာသတော့.. ငွေလရဲ့ ဆရာကပဲ ငွေလကို အတွင်းစိတ်နှလုံးသားတောင်ဆီ ပြန်ဖို့ အမိန့်ပေးလိုက်ရတယ်လေ။ သူ့ကို နတ်ဘုရားနန်းတော်ကို စောင့်ကြပ်ရမဲ့ တာ၀န်ပါပေးလိုက်ပြီး ဇာတ်မြှုပ်နေထိုင်ခိုင်းလိုက်ပါတော့တယ်။

ဂျိနင် Book 31 - Where stories live. Discover now