Chp 727 ( ဗုဒ္ဓဂျူမင်း)

91 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 36
Chapter 727 (ဗုဒ္ဓဂျူမင်း)

မြစ်ထဲက ရေပြင်တွေဟာ တစ်ကြိမ်ထပ်ပြီး စီးဆင်းလာခဲ့ပါပြီ…

ဂျိနင်ဟာ လေထဲမှာ ရပ်လို့နေဆဲ.. သူ့မျက်လုံးမှာလည်း ဒေါသမီးတွေ တောက်လောင်လို့နေဆဲ…

“ယွမ်အဘိုးကြီးက အက်ကြောင်းမဲ့ဂိတ်နဲ့ တစ်ကယ့်ကို ပူးပေါင်းလိုက်ပြီပေါ့… သူက လောကသုံးပါးရဲ့ အရေးကိစ္စတွေထဲ မပါဝင်ချင်ဘူးဆို…”
နင်လည်း ယွမ်အဘိုးအိုကို ကျေးဇူးတွေ တင်ဖူးခဲ့ပါတယ်။ ယွမ်အဘိုးအိုရဲ့ အစွမ်းကြောင့် သူနည်းနည်းမျက်လုံးပြူးသွားခဲ့ပေမဲ့လည်း…  သူ့ရဲ့ သစ္စာဖောက်မှုကြောင့် အရမ်းကို ဒေါသထွက်နေရပါပြီ… သူ့ရဲ့ ဆရာ ရွှီးဖူတိဟာ ယွမ်အဘိုးအိုနဲ့ အရမ်းကို ရင်းနှီးတယ်လေ… ရွှီးဖူတိလည်း အခုဆို ရင်ကွဲနာကျနေလောက်ပါပြီ…

ဝှစ်

နင့်နံဘေးမှာ လူရိပ်သုံးခု ချက်ချင်းပဲ ပေါ်ထွက်လာခဲ့ပါပြီ… ပထမကတော့ ရွှီးဖူတိဖြစ်ပြီး စကြ၀ဠာလေ၀ဲထဲကနေ ထွက်လာခဲ့တာပါ… နောက်တစ်ဦးကတော့ တာအိုတန်ခိုးရှင် သန့်စင်ခြင်း သုံးပါးဖြစ်ပြီး နောက်ဆုံးတစ်ဦးကတော့ မဟာနတ်ဘုရားကြီး အပူအပင်မဲ့ပါ…

“အစ်ကိုကြီးယွမ်က နောက်ဆုံးတော့လည်း…”
မဟာနတ်ဘုရားကြီး အပူအပင်မဲ့ရဲ့ ခန္ဓာကိုယ်ဟာ တုန်လှုပ်လို့ ရှိနေဆဲ… သူ့မျက်လုံးမှာလည်း မယုံကြည်နိုင်ခြင်းတွေ ပြည့်လို့…

“သူ့ကို အစ်ကိုကြီးလို့ မင်းကခေါ်နေသေးတယ်လား…”
တာအိုတန်ခိုးရှင် သန့်စင်ခြင်း သုံးပါးရဲ့မျက်လုံးမှာ ကြောက်မက်ဖွယ်ကောင်းလှတဲ့အလင်းရောင် လက်ဖြာထွက်လာခဲ့ပါပြီ…
“ငါတို့ ညီအစ်ကိုတွေအကြားကနေ သစ္စာဖောက် ပေါ်ထွက်လာလိမ့်မယ်လို့ တစ်ခါမှ ငါမတွေးဖူးခဲ့ဘူး… သူလောကသုံးပါးကနေ ထွက်သွားခဲ့တယ်ဆိုရင်လည်း တစ်မျိုးပေါ့… ဒါပေမဲ့ သူက အက်ကြောင်းမဲ့ဂိတ်နဲ့ပူးပေါင်းလိုက်တယ်လား… ကောင်းပါတယ်လေ.. ကောင်းပါတယ်။ ရွှီးဖူတိ… စီရှု.. ငါ့ရဲ့ စကားကို မှတ်ထားလိုက်တော့.. ဒီနေ့ကစပြီးတော့ တာအိုတန်ခိုးရှင် ယွမ်ဟာ ငါတို့ရဲ့ သူငယ်ချင်းမဟုတ်တော့ဘူး…”

You've reached the end of published parts.

⏰ Last updated: Jun 25, 2021 ⏰

Add this story to your Library to get notified about new parts!

ဂျိနင် Book 31 - Where stories live. Discover now