Chp 659 ( မြစ်ဝါမြစ် အင်ပါယာပြည့်ရှင် ဟွမ်ဒီ )

44 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 659 (မြစ်ဝါမြစ် အင်ပါရီယာ ပြည့်၇ှင် ဟွမ်ဒီ)

ကြာပန်းကိုးပွင့်ကလည်း တုန်ယမ်းကလန်ကပဲလေ။ သွေးနီလောကစစ်ပွဲမှာ အစစ်အမှန် အင်မော်တယ်တုန်ယမ်းဟာ နင်နဲ့အတူ နှစ်ပေါင်းများစွာ စစ်ပွဲကိုရင်ဆိုင်ခဲ့ပါတယ်။ နင်ကိုယ်တိုင်လည်း အစစ်အမှန်အင်မော်တယ် တုန်ယမ်းနဲ့ တော်တော်ကို ရင်းနှီးတဲ့ မိတ်ဆွေဖြစ်လာခဲ့တယ်လေ။ တုန်ယမ်းရဲ့ တခြားလူတွေအပေါ် ပြုမူဆက်ဆက်ပုံတွေကြောင့် နင်ဟာ တုန်ယမ်းကို အလွန်ပဲ ရိုသေလေးစားခဲ့တယ်လေ။ သူဟာ တကယ့်ကို ဂုဏ်ကျက်သရေ အပြည့်ရှိတဲ့ သူရဲကောင်းတစ်ဦးပါ… ဒါပေမဲ့ အစစ်အမှန် အင်မော်တယ် တုန်ယမ်းရဲ့ ၀မ်းနည်းပူဆွေးမှု တစ်ခုကို အမြဲရင်၀ယ်ပိုက်ထားတယ်လို့ နင်ခံစားမိခဲ့တယ်လေ။ ဖြစ်နိုင်တာကတော့ ဟိုးလွန်ခဲ့တဲ့ တစ်ချိန်တုန်းက ဆုံရှုံးမှုကြီးတစ်ခုကို အခုအချိန်အထိ သူဖြည်မဆည်နိုင် ဖြစ်နေသေးပုံပါ…

“မင်းတို့ တော်၀င်ရှက အစစ်အမှန် အင်မော်တယ် တုန်ယမ်ဟာ အရမ်းကို လေးစားဖို့ကောင်းတဲ့ လူပဲလေ။”
အစစ်အမှန်အင်မော်တယ် လော့စွေက သက်ပြင်းချလိုက်ပြီးတော့
“သွေးနီလောက စစ်ပွဲဟာ ဟိုးအစောကြီးကတည်းက ပြီးဆုံးသွားခဲ့ပြီ.. ဒါကြောင့်လည်း အက်ကြောင်းမဲ့ဂိတ်နဲ့ သွေးနီလောကမှာ စစ်ပွဲတွေ တော်တော်လျော့ပါးသွားခဲ့ပြီလေ။ ဒါပေမဲ့ တိုက်ပွဲတွေကတော့ တခါတရံမှာဖြစ်ပွားလာတတ်သေးတယ်။ အစစ်အမှန် အင်မော်တယ် တုန်ယမ်းဟာလည်း စစ်မြေပြင်ရဲ့ အရှေ့ဆုံးကနေ အမြဲတမ်းကို ပါ၀င်တိုက်ခိုက်ခဲ့တယ်… သူက အရမ်းကို အစွမ်းထက်လို့ အက်ကြောင်းမဲ့ဂိတ်ရဲ့ အင်ပါရီယာ နတ်ဘုရားနဲ့ အစစ်အမှန် အင်မော်တယ် နှစ်ဦးဟာ သူ့ရဲ့လက်အောက်မှာ ကျဆုံးသွားခဲ့ရတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူကံမကောင်းနိုင်တော့ဘူးလေ။ အက်ကြောင်းမဲ့ဂိတ်ရဲ့ အက်ပါရီယာနတ်ဘုရားနဲ့ အစစ်အမှန် အင်မော်တယ် သုံးဦးက သူ့ကို ဝိုင်း၀န်းတိုက်ခိုက်ခဲ့ကြတယ်။ ဒီမှာပဲ.. သူလည်း ပြေးမလွတ်ခဲ့တော့ဘူး…”

နင်လည်း ဖြည်းလေးစွာ ခေါင်းညိတ်လိုက်ပါတယ်။

နှစ်ပေါင်း ၆၀၀ တောင် ရှိခဲ့ပြီလေ။ အစောပိုင်းတုန်းက မိတ်ဆွေတွေရဲ့ သတင်းစကားကို ကြားလိုက်တိုင်း နင် ရင်နာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပိုပိုပြီး သေဆုံးလာခဲ့သလို.. နင်ဟာလည်း ၀မ်းနည်းပူဆွေးမှုကို ခံနိုင်ရည် ရှိလာခဲ့ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့.. ဒီစစ်ပွဲကို ဘယ်သူမှ ထွက်ပြေးတိမ်းရှောင်လို့ မရနိုင်ဘူးလေ။ စစ်ပွဲမှာ အမြဲပဲ ကျဆုံးမှုဆိုတာ ရှိနေမှာပါ…

ဂျိနင် Book 31 - Where stories live. Discover now